Thursday, December 24, 2009

ငါ့လက်ကခုန်ချထွက်ပြေးတဲ့ ၀တ်မှုန်


အပြောင်းအလဲဆိုတာ
တချိန်ချိန်တော့ ရှိမှာပါ ...
အနှေးနဲ့ အမြန်ပဲ ကွာမယ်။

ဝတ်မှုန်တွေကို
ကြိုးလို သီကုံးပြီး
လွှတ်တင်မိခဲ့တဲ့ စွန်ကလေး ...
ကမ္ဘာ တစ်ခြားမှာ
ပြတ်ကျသွားတယ်။

လက်ထဲက လွတ်သွားတယ်
အောက်ကျမသွားဘူး ...
မိုးပေါ်ကို မြင့်တက်သွားတယ် ...
ငါဆုပ်ကိုင်ထားမိတာ
မိုးပျံပူပေါင်းလေး တစ်လုံးပဲ။

ငေးကြည့်နေတယ် .....
မျက်စိတဆုံး ... ငါငေးကြည့်နေတယ် ...
ဝတ်မှုန်တွေ အိပ်တန်းပြန်သွားပေမယ့်
ငါ့ သီချင်းက မဆုံးခဲ့ဘူး။ ။

10 comments:

win latt said...

ပြောင်းလဲချိန်မတန်သေးသ၍
စိတ်မအေးတတ်တဲ့သူ
ရင်ထဲကပူ...။
၂၀၁၀ ကြောင့်
ကမ္ဘာတစ်ခြမ်း မီးလောင်ကျွမ်းသွားမယ်
စစ်ကိုင်းငလျှင်ကြောင့်
မြန်မာ့မြေပုံ တစ်ခြမ်းစီခြမ်းမယ်
အိုဇုန်းလွှာအပူကြောင့်
အာတိတ်ရေခဲပြင် ပင်လယ်ပြင် ဖြစ်မယ်
ဖြစ်ချင်တာဖြစ်ပါစေတော့
စိတ်မညစ်တော့ဘူး...
ငါတို့ လှိုင်ခေါင်းတွေ တူးထားပြီ....။

ကိုအောင် said...

ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် ပိတ်ရက် ဖြစ်ပါစေ။

မောင်သုည said...

ငါ့လက်ကခုန်ချထွက်ပြေးတဲ့ ၀တ်မှုန်
၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျဉ်တယ်

ဂျစ်တူး ( မုံရွာ ) said...

ကဗျာဆရာဆိုလိုတာကိုသိသလိုလိုနဲ့အဖြေကမထွက်ဘူး
မြင့်လိုက်တာဗျာ-

Anonymous said...

ကောင်းတယ်ကဗျာဆရာရေ............ ဘာမှမရှိရင်ပြည့်စုံတယ်တဲ့။ ဘာမှမသိရင်အေးချမ်းတယ်တဲ့။
တခါတလေ အေးချမ်းချင်တယ်ဗျာ။

Beauty Studio USA Branded Store said...

ကိုနွေဆူးရေ ပျော်ရွှင်ဖွယ်ခရစ်စမတ် ညချမ်းလေးဖြစ်ပါစေဗျာ။ကဗျာထဲက အပြောင်းအလဲဆိုတာ
တချိန်ချိန်တော့ ရှိမှာပါ ...
အနှေးနဲ့ အမြန်ပဲ ကွာမယ် ဆိုတာလေးက အရသာရှိလိုက်တာ အကိုရေ။

မြတ်မွန် said...

အမြင့်ကို ပျံတက်သွားတဲ့
မိုးပျံပူပေါင်းလေးကိုကြည့်ရင်းနဲ့ဘဲ
ပျော်ရွှင်မှူနဲ့အတူ လွတ်ထွက်သွားတဲ့
ခံစားချက်လေးကိုတော့..
ကဗျာလေး ကောင်းပါတယ်ရှင်။

ကဗျာဦး said...

"ငါ့လက်ကခုန်ချထွက်ပြေးတဲ့ ၀တ်မှုန်"
ဖတ်ပါတယ်
၂၀၁၀ တိုက်ပွဲတွေရှိတယ်

Pie Min Swe said...

ဒီကဗျာလေးကို အရမ်း ကြိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် လတ်တလော ကျွန်တော့်ခံစားနေရတာတွေကို ခင်ဗျားကများ မြင်သွားပြီး ရေးလိုက်တာလားလို့တောင် လျှောက်တွေးမိသေးတယ်။ ငါ့လက်က ခုန်ချထွက်ပြေးတဲ့ ၀တ်မှုန်... ။ တင်တဲ့ ဒိတ်ကလည်း ၂၄ ဆိုတော့ အဲဒီနေ့က ကျွန်တော် ငိုမိလောက်အောင် ကြေကွဲနေတဲ့နေ့ပေါ့။ ဒီကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်။

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ကျတော့် ၀တ်မှုန်ထင်လို့ လာကြည့်တာပါ မဟုတ်လို့ တော်ပါသေးရဲ့ 