Wednesday, December 9, 2009

လောဘ

လူတစ်ယောက်သည် ကြယ်ကြွေသွားတာကို ကြည့်ရင်း တွေးတွေးဆဆနှင့် သူ့ဘေးမှ အဖော်အား စကား စ လိုက်သည်။

“တကယ်လို့ကွာ ... ကြယ်ကြွေတဲ့ အချိန်မှာ ... မင်းဆုတောင်းသမျှ ရမယ်ဆိုရင် ... မင်းဘာကို အရင် ဆုတောင်းမလဲ ?”

အဖော်လုပ်သူက စဉ်းစဉ်းစားစားနှင့် ပြန်ဖြေလိုက်သည်။

“အင်း ... တကယ်သာ ရမယ်ဆိုရင် ... ပထမဆုံး နောက်ထပ် ကြယ်အစင်း တစ်ရာလောက် တစ်ခုချင်း ကြွေပါစေလို့ ဆုတောင်းမှာပေါ့ကွ” ။ ။

13 comments:

တီချမ်း said...

တမျက်နှာဝတ္ထုတိုတွေတွေ့ဖူးတယ်
ပိုတိုတယ်
ကြိုက်တယ်
အတွေးတိုလေးပဲ
တီ့စိတ်ထဲမှာ ဟိုက္ကူ ဝတ္ထတိုလိုခံစားရတယ်
အမှန်က ဟိုက္ကူက ကဗျာပဲလေ
ဒါပေမယ့် ခံစားရတာပြောတာ
လာလည်တဲ့အတွက်ကျေးဇူးပါ

တီချမ်း said...

စကားမစပ် တီ့ကွန်မန့်ကမှရှည်သေးနော်
ဟဲဟဲ

အဖြူရောင်နတ်သမီး said...

ကောင်းပ...
လိုရင်း...တိုရှင်း...

linn said...

ဟင် ...
ဝတ္ထုတို စစ်စစ်ပဲ ...

သိင်္ဂါကျော် said...

ရလေ လိုလေ ဖြစ်တတ်တဲ့ လူတွေရဲ့ စိတ်သဘောကို တကယ် ပေါ်လွင်ပါတယ်..

kiki said...

အကြံပိုင်သော မောင်ခွေး ပါလားးးးးးး
ကိုနွေဆူး သာဆိုရင် ဘယ်လိုဆုမျိုးတောင်းမိမှာလည်း နော် ။။

ကဗျာဦး said...

လောဘ ၀တ္ထု
တိုထက်တိုတာမရှိတော့ဘူး
လောဘ
ကြီးပုံများကတော့

Anonymous said...

တော်သေးတာပေါ့
လုံလုံဆို အစင်း တထောင်များ တောင်မိမလားပဲ
လူတွေရဲ့ လောဘကတော့
လူပီသတာပေါ့နော်

Beauty Studio USA Branded Store said...

လူ့လောဘကတော့ နတ်တောင်မလိုက်နိုင်ဘူး။ ကြယ်မိုးပေါက်ရွာချရမယ့်ကိန်းပဲ။
အကိုဝတ္ထုတိုလေးတွေက အရမ်းအတွေးပါတယ်ဗျာ။ကြိုက်တယ်။
=) + :-) = :0)

ခြေလှမ်းသစ် said...

လူ့အလို နတ်မလိုက်နိုင်ဆိုတာ ဒါပေါ့ထင်တယ်

ဆောင်းယွန်းလ said...

အတွေးလေးကောင်းတယ်ဗျာ..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

တိုလွန်းလို့ ကောင်းတာလို့ ပြောရမလို ဖြစ်နေပြီ။ စာလေးတစ်ကြောင်းဖြစ်ဖြစ် စေတနာလေး ထည့်ပြီး ဝေမျှလို့ ဖတ်ရတာ အရမ်းတန်ဖိုးကြီးမားပါတယ်။ လေးလဲ လေးစားပါတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

အင်ကြင်းသန့် said...

အင်း...တိုသထက်တိုတာတွေ့ပြန်ပြီ...
အပေါ်ဆုံးကအန်တီချမ်းပြောသလိုပဲ..
ကိုယ်တွေရဲ့ ကွန်မန့်တွေကမှ ရှည်နေသေးတယ်
ကွန်မန့်တိုတိုရေးနည်းပါ သင်မှထင်တယ် :D