Sunday, December 6, 2009

ရင်ခွင်အကန်းနဲ့ကောင်

လောကကြီးရေ ...
ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။

တချို့ကံကြမ္မာတွေက
ငါမသီကျူးရပဲနဲ့ကို
အလိုလို ဖူးပွင့်လာကြတဲ့
ရာသီအလိုက် ပန်းတွေလိုမျိုး
မိုးမစိုချင်ပဲနဲ့ကို ရွှဲခဲ့ရ ...။

သဘာဝတရားက
ငါ့ကို အရွဲ့တိုက်လိုက်ပုံများ ပြောပါတယ် ....။

လက်မတည့်တဲ့ လေးသည်တော်အတွက်
မတော်တဆ ထိမှန်ခြင်းလို့ပဲ
ပြောပါရစေတော့ ...။

ရိုးရိုးသားသား မှားမိမှ
ကံတရားက မျှတပါဦးမလား ?
ငါ .. လဲကျ ကျန်နေရစ်ဦးမှာလား .... ပြောပါ ? ။ ။

13 comments:

ခြေလှမ်းသစ် said...

ရိုးရိုးသားမှားတော့ ကံကြမ္မာကို ပဲ အပြစ်တင်လိုက်တာ ကောင်းပါတယ်နော် ..

သုခုမလေဒီ said...

လောကကြီးထဲမှာနေတဲ့သူအားလုံးဟာ လဲကျလိုက် ပြန်ထလိုက်ပါပဲ နွေဆူးလကာင်္ရေ...။ ကိုယ်လဲကျလို့  ထူမယ့်သူမရှိတောင် ကိုယ့်ဖာသာပြန်ထရမှာပဲလေ။
အဆင်ပြေပျော်ရွှင်ပါစေ။

သိင်္ဂါကျော် said...

အသစ်မတင်တာ ကြာပြီနော်...
ကဗျာ အသစ်လေးတွေ့လို့ လာဖတ်ပါတယ်။

desertraindrops said...

အသစ်တွေ့လို့ ပြေးလာတာ။ ကဗျာလေး ကောင်းတယ်။ ရိုးသားစွာ မှားတာ အပြစ်မ၇ှိဘူး။

HRmyanmar said...

လက်မတည့်တဲ့ လေးသည်တော်အတွက်
မတော်တဆ ထိမှန်ခြင်းလို့ပဲ
ပြောပါရစေတော့ ........
ကောင်းလိုက်တဲ့ ကဗျာလေးပဲခင်ဗျာ

အဖြူရောင်နတ်သမီး said...

လောကကြီးရေ ...
ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။
..............................
ရိုးသားစွာမှားမိခဲ့တဲ့..“ငါ”....
..............................
ထူမယ့်သူမရှိလည်း....ကြိုးစားပြီး “ငါ”ပြန်ထလိုက်ပါ့မယ်.....
........................................

Unknown said...

ကဗျာကောင်းလေးနဲ့ နှုတ်ဆက်လိုက်တယ်ပေါ့
ဘယ်တုန်းက ပြန်ရောက်လာလဲ ကိုနွေဆူးရေ...
နှင်း အတွက် ဘာဝယ်လာခဲ့လဲ အဟဲး)
နှင်းဟေမာ

kiki said...

ကိုယ်ထူ ကိုယ်ထပဲ ကောင်းပါတယ် ကိုနွေဆူးရေ ...
ရိုးရိုးသားသား မှားမိတာ က
မရိုးမသား မှန်ချင်ယောင်ဆောင်နေတာထက်
အပြစ်ကင်းပါတယ် ။

ဇော် said...

အကြာကြီး ပျောက်နေခဲ့တယ် .. ဒါပေမယ့် ပြန်လာတဲ့အချိန်မှာ သိပ်လှတဲ့ ကဗျာလေးတစ်ပုဒ်ကို ယူဆောင်လာလို့ အတော်ကို ကျေးဇူးတင်မိတယ်ဗျာ .. =)

( ကျနော် မနေ့က တစ်နေကုန် ၀င်တာ .. လုပ်ဒင်မှာတင် ပေ့ဂ်ျက ကျမလာလို့ ကျနော် fb ကနေ ၀င်ပြောဖြစ်သွားတာ အကို .. အခု ဒီနေ့တော့ ကျနော်ဝင်တာ ၀င်လို့ရနေပြန်ပြီ .. နက်ကလဲ အူကြောင်ကြောင်နဲ့ .. =] )

လင်းကြယ်စင် said...

ကိုနွေဆူးရေ..
တချို့ကံကြမ္မာတွေက
ငါမသီကျူးရပဲနဲ့ကို
အလိုလို ဖူးပွင့်လာကြတဲ့
ရာသီအလိုက် ပန်းတွေလိုမျိုး
မိုးမစိုချင်ပဲနဲ့ကို ရွှဲခဲ့ရ ...။

သဘာဝတရားက
ငါ့ကို အရွဲ့တိုက်လိုက်ပုံများ ပြောပါတယ် ....။

ကံကြမ္မာက အဲလိုပဲ မျက်နှာလဲ လိုက်ချင်တယ် ....
ကဗျာကောင်းလေးနဲ့ ပြန်ရောက်လာတာပေါ့ ...

win latt said...

ဘာမှားသွားတာလဲ...?
တစ်ခုခု ထိန်ချန်ထားသလားလို့...။
ရိုးသားစွာမှားတာကိုတော့ နားလည်ခွင့်လိုက်ကြမှာပါ။
စဉ်းစာစရာတွေတော့မလုပ်နဲ့ဗျာ...။
(လာလည်တာ ကျေးဇူးတင်တယ်၊မတွေ့တာကြာနေပြီဗျ)

Nge Naing said...

"တချို့ကံကြမ္မာတွေက
ငါမသီကျူးရပဲနဲ့ကို
အလိုလို ဖူးပွင့်လာကြတဲ့
ရာသီအလိုက် ပန်းတွေလိုမျိုး
မိုးမစိုချင်ပဲနဲ့ကို ရွှဲခဲ့ရ"

ဒါမျိုး လူတိုင်းကြုံရတတ်ပါတယ်။ စိတ်မပျက်ပါနဲ့ ခံနိုင်ရည်ရှိအောင်ပဲ ကြိုးစားဖို့လိုပါတယ်။

Unknown said...

မျက်စိလည်ပြီးရောက်လာတာပါ . .
ကဗျာလေးတွေ့လို့ဖတ်သွားတယ်နော် . .