Thursday, October 8, 2009

စစ်မှန်မှု


‘ပလုံ’

သော့ခလောက်တစ်ခုကို မြစ်ရေထဲ လွှင့်ပစ်လိုက်တယ်။

“ဟေ့လူ ... သော့ခလောက် အကောင်းကြီးဗျာ ... ဘာလို့ လွှင့်ပစ်ရတာလဲ ...?”

“သော့ပျောက်သွားလို့ပါ ...”

“ဟာ ... အဲဒါဆိုလည်း သော့တုလုပ်ပြီး သုံးလို့ ရတာပဲ .. နှမျှောစရာကြီး ...”

“ဟုတ်တယ် ... ဒါပေမယ့် ကျနော် သော့ခလောက်နေရာက ၀င်စဉ်းစားမိလို့ပါ ...”

“ဗျာ ... ဘယ်လို ..?”

“ကိုယ့်ကို သော့တုနဲ့ ဖွင့်ပြီး အသုံးချ ခံရတာထက် ရေထဲခုန်ချပြီး သတ်သေလိုက်တာက ပိုကောင်းတယ်ဗျ ...”

ပြောပြီး အပြုံးစစ်စစ်တစ်ခုနဲ့ သူ့ကို ပြုံးပြရင်း ကျွန်တော် လှည့်ထွက် လာခဲ့တယ်။ ။

18 comments:

ခြေလှမ်းသစ် said...

အချစ်တွေနဲ့ စစ်မှန်မှုတွေလည်း ပါမယ်ထင်တယ်ဗျ... ဂုဏ်လဲ ပါလာနိုင်ပါတယ် ....

kiki said...

အတုနေရာက ဝင်ပြီးခံစားပေးတဲ့  ကိုနွေဆူးကြီး ....
ဘယ်လောက်တောင်များ အတုတွေရဲ့  နှိပ်စက်ခြင်းကို ခံခဲ့ ရပါလိမ့်  နော် ....
( တွေးလေ .. ကြပ်လေ ပါဘဲ .. )
အတုတွေကြောင့် အစစ်တွေ နာမယ်ပိုတက်ရ တာတွေလည်း ရှိပါသေး တယ် ..
( သော့ဂလောက်ကြီးက စိန်တွေချယ်ထားတာ ..ဘာလို့ လွှင့်ပလိုက်တာတုံး ...နှမြောစရာကြီး ..ဘယ် မြစ်ထဲပစ်လိုက်တာလဲ ဟင် .. သွားရှာဦးမှ ..)

Younggun said...

ဒီလို အရေးအသားတွေက ဆရာတာရာမင်းဝေကို သတိရမိစေပါတယ်။ နောင်လဲဒါမျိုး အတွေးစူးစူးတွေ နှစ်ထားတဲ့ စာတွေ ဖတ်ချင်ပါတယ် လေးစားစွာ..။

Angel Shaper said...

ဒီမှာ အရူးကြီးးးးးးးးးးး
ဘာမှမပြောတော့ဘူးနော်။
အပြုံးစစ်စစ်တစ်ခုနဲ့ ပြုံးရင်း ပြန်သွားပါပြီနော်။

သူကြီးမင်း (တုံးဖလား) said...

ဟဲ ဟဲ
တကယ်ထိတယ်။ လူတွေကို ပြုံးအောင်လုပ်ပေးနိုင်တာကလဲ ပါရမီတစ်မျိုးပါဘဲ။

MANORHARY said...

သော့အတုနဲ့အဖွင့်ခံရမှာစိုးတဲ့သော့ခလောက်တစ်ခု
သော့တံအစစ်နဲ့မှားဖွင့်ခံရတဲ့သော့ခလောက်အမှားတစ်ခု
.....................
လောကရဲ့မှားယွင်းမှုတွေထဲ အရာရာဟာ အခါခါသေ..

Beauty Studio USA Branded Store said...

အတုလေးတောင် အစားထိုးမရပါလားဗျာ။
:)

ဂျစ်တူး ( မုံရွာ ) said...

ဋ္ဌကိုက်သွားပြီဗျာ-ဒက်ဒက်ထိဘဲ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

တိုတိုရှင်းရှင်းနဲ့ အရမ်းကို ထိမိတဲ့ အရေးအသားတွေပါ။ ထိမိပါပေတယ်။ ဆက်လက် ရေးသားနိုင်ပါစေ....


ခင်မင်စွာဖြင့်
ကိုမျိုး

maylay said...

အတုတွေနဲ့ စစ်မှန်မှု ခုခါမှာ ဘယ်ဟာက အသုံးတည့်နေပါလိမ့် အခါခါ အမှားနဲ့ ဖွင့်မခံရဖို့ကြိုးစားရင်း ခဏခဏ ဒိလိုပဲ နစ်မြုပ်နေရရင်ရော.....:) လိုတိုရှင်းလေး ရေးပြီး တွေးစရာပေးသွားတာ ထိတယ် ကိုနွေရေးတာလေး ။ လေးစားပါတယ်။

မချစ်ရ said...

ဟုတ်ပါ့
အစစ်မရှိတော့ရင်အတုလေးတော့
အစားထိုးသုံးပေါ့

emayarKhin said...

ဒါမျိုးစိတ်ဆိုတာ...
ထားနိုင်သူရှားတယ်...

win latt said...

ဒါဆိုလဲ ပြီးရော..
ရေထဲပစ်ချလိုက် သဘောတူတယ်..
မိတ္တူသမားတွေ ထမင်းငတ်
ကောင်းရော...

ဧရာဝတီသား said...

ဟိုက် !!!

ဟုတ် ဒါလည်း ကောင်းပါတယ်၊ အတုတွေကြောင့် သိပ်တော့ စိတ်ညစ်ဖို့ ကောင်းတယ် ...

ဝက်ဝံလေး said...

အလိုတော် အတုတောင် မသုံးဘူးပေါ့လေ အင်း လေ ကောင်းပါ့

အန်(န်)စလင်း said...

အဲဒီလို ထိရောက်တာမျိုး ထပ်ပြီးဖတ်ချင်သေးရဲ့

မောင်ပါလ said...

ဒါလေးတော်တော်ကြိုက်တယ်....

ShinNaungHtun said...

အတုတွေတကယ်ကိုများတဲ့ လောကထဲမှာ အတုတွေက အမှန်တရားများဖြစ်သွားမလားမသိဘူး..