Sunday, October 4, 2009

မူးနေတဲ့ မနက်

(က)
ဖြေဆေးမဲ့ အဆိပ်ကို
အလွယ်တကူတော့
မော့သောက်ခဲ့တာ မဟုတ်ရပါဘူး။

(ခ)
ဝေးကွာခြင်းတွေကို
ကဗျာလို ရေးရေးပြီး
ကြောင်တောင်တောင် နိုင်နေတဲ့ ကောင်အတွက်
အကြောင်းပြချက်က
လုံလောက်တန် ကောင်းပါရဲ့။

(ဂ)
မှတ်ထားစမ်းပါ ...
လောကမှာ မာယာမဲ့တဲ့ ကောင်မလေးကလည်း
အသည်း ခွဲတတ်သတဲ့ ... ။

(ဃ)
ပြောရရင်တော့ ...
ဘ၀ဆိုတာ .. အဆိပ်ကို
အချစ်နဲ့ ရောမြိုချပြီး
မျှော်လင့်ချက်တွေ ထားတတ်ဖို့ လိုတာပေါ့။

(င)
ဇာတ်သိမ်းမှ (လွမ်းပြနေမယ့်အစား)
တရားနဲ့သာ ဖြေပါတော့ကွယ်။ ။

14 comments:

HRmyanmar said...

တင်ပါ့ဘုရား အဲဟုတ်ပါဖူး ဟုတ်ကဲ့ မှတ်သားသွားပါတယ် တိုက်ဆိုင်တယ်ဗျာ ကျနော်လည်း တရားနဲ့သာ ဖြေရမယ့် ဒီဇိုင်းပဲး)

အဖြူရောင်နတ်သမီး said...

ဖြေလိုက်ပါ့မယ်....
၁၀၀ နဲ့....
မြန်မာငွေနဲ့လား...
FEC နဲ့လား...
EU နဲ့လား...
US နဲ့လား...
FECကို မြန်မာငွေ နဲ့တွက်တော့...
EU ကိုမြန်မာငွေနဲ့တွက်တော့..
US ကိုမြန်မာငွေနဲ့တွက်တော့...
သေခြာတာကတော့....နီးနေပြီ.....
ဟီး...သာမီးပါဘူးနော်....

ခြေလှမ်းသစ် said...

အရှုံးပေးတဲ့သဘောလား တရားနဲ့ဖြေရင်လဲ အရာရာ အောင်မြင်ကို အောင်မြင်နိုင်ပါတယ်ဗျာ

Beauty Studio USA Branded Store said...

ဖြေဆေးလေးတွေ့လိုက်လို့ဗျာ။ဖြေသာသွားတယ်။မဟုတ်ရင်တော့.............................................................................................................................................................................................။:P
အကိုကဗျာလေးကို ကြိုက်တယ်ဗျာ။

maylay said...

ကိုနွေ့ကဗျာလေး ကောင်းတယ်ကွ။ ကိုယ်တိုင်ရော အဲလိုဖြေဖြစ်တယ်လား။ မနက်စောစောစီးစီး မမူးပါနဲ့ကွယ်။ ၁၀၀ နဲ့တောင်ဖြေတတ်နေမှဖြင့်နော်။

Nge Naing said...

”ဇာတ်သိမ်းမှ (လွမ်းပြနေမယ့်အစား)
တရားနဲ့သာ ဖြေပါတော့ကွယ်။”

အဲဒါအကောင်းဆုံးပဲ။ သူ့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့ သမုဒယကို မွေးထားလို့ ဘာမှ မထူးပါဘူး။

kiki said...

အိုးးးး ကိုနွေဆူးကြီး ..
စောစောစီးစီး မူးနေပြီလား ....
စိတ်ထိန်းဦးမှပေါ့ ။
မမြင်ရက်စရာတွေ မကြည့်ရဲ လို့ပါ နော် ..
ရော့ ရေခဲရေ အေးအေးလေး တခွက်.....

အဆိပ် + အချစ် = ?@&$*$#!%*%)@(?
အိုင်းစတိုင်း ကို မေးကြည့်ပေးပါ့မယ် ။။ မျှော်လင့်ချက်လေးနဲ့  ခန စောင့် ....

ဝက်ဝံလေး said...

အယ် ပုံကြီးက ကြောက်ချာကြီး အဲလိုတော့ ကိုယ့်ကို သတ်မသေနဲ့နော် ဖန်ငါးသီးငါးရာ စားနေရမယ်သိလား ဟိဟိ

Kyaw Nyo Thway said...

တရားနဲ့ မဖြေပဲ တစ်ရာနဲ့ ဖြေလိုက်လို့
မူးနေတာမလား ဟားဟား

win latt said...

“တွေးတတ်တော့ဘူး”

အသဲချင်းထပ်တဲ့နေ့က
နှုတ်ခမ်းချင်း ကပ်ပြီး“တိုးတိုးလေး”ပြောဘူးတယ်…
မောင်ရယ်…
ရင်နှစ်မွှာကြား နေရာလပ်များ
မောင်…သာစိုးမိုးထားပါတယ်……တဲ့။
လက်ဖဝါးနွေးနွေးလေး
ထွေးပွေ့ပြီး ရင်ခုန်တုန်းမှာ
ပုခုံးချင်းတိုက် ပြောလိုက်တာများ
“တကယ်ချစ်တာ မောင်မယုံဘူးလား…..?”…တဲ့။
ကော်ဖီဆိုင် နှစ်ယောက်ထိုင်ရင်း
မျက်လုံးချင်း စကားပြောတော့
ခပ်သော့သော့ ရယ်စကား
နားကြားမှာချိုသာ
“မောင့် အနားတစ်ဖဝါးမခွာ
ကြင်နာယုယတတ်သူပါ…”တဲ့…။
ကဲ…..ဒီမှာလေ……………….
အယုံလွယ် လိုက်လျောတတ်လေတော့
တစ်ခြုံကွယ် တစ်မယ်မေ့တတ်သူကို
ယုံစားကာ ချစ်ခဲ့မိတာကြောင့်
အပြစ်ဖွဲ့ ဘယ်သူတွေဘယ်လိုဆိုဆို
နဂိုအနေ ငမိုက်သားဘဝမှာ
ဖြေဆယ်ရာ ဘယ်မှာရှိတော့မယ်
တွေးတတ်တော့ဘူး…။

may16 said...

တရာနဲ့ပဲ့ ဖြေလိုက်ပါ့မယ် ကိုနွေဆူးလင်္ကာ

Angel Shaper said...

ဖြေဆေးမဲ့ အဆိပ်ကို
အလွယ်တကူတော့
မော့သောက်ခဲ့တာ မဟုတ်ရပါဘူး။
လူမမိအောင်.... ခွက်ပုန်းသာ ခိုးချခဲ့တာပါ။ အဟဲ....

တရားနဲ့သာ ဖြေသွားပါ့မယ်။
မတူရင်မတုရဆိုလို့ပါ။ အဟဲ

Khyl said...

လက်ထဲက ဟာကြီး မြန်မြန် ချထားလိုက်ပါခညာ... ကြောက်ချာကြီး..ဟဲဟဲ..
မရောက်တာ ကြာလို့ ခင်ကြောင်း မင်ကြောင်း စနောက်သွားပါတယ်...

အန်(န်)စလင်း said...

မူးနေတဲ့မနက်မှာ မလွမ်းတော့ဘူး မျှော်လင့်ချက်တော့ .....