Saturday, September 12, 2009

အဓိပ္ပာယ်မရှိသေးတဲ့ ကဗျာ

အဲဒီရနံ့တွေနဲ့ ...
ငါ့ကို လာမမျှားနဲ့ ... ...။

ငါက မိုးမရွာလည်း
ပွင့်တတ်တဲ့ ပန်းမျိုးပါ ...။

တစ်ပွင့်တစ်လေတော့
အဖိတ်အစင် ရှိတာပေါ့ ... ...
ဒါပေမယ့် စိတ်ချပါ
ငါ့ ဆူးက ငါ့ကို ပြန်မစူးဘူး ...။

အိပ်ချင်ယောင်ဆောင်ပါများလို့
အနှိုးရခက်တာက လွဲရင် ...
ငါ လူကောင်းပါကွယ် ... ...။

မိုးလင်းသွားရင်တော့ ... ... ...။

... ... ပြန်ဆုံကြသေးတာပေါ့ ...
မင်းအိပ်မက်တွေကို ... ခဏ ...
... ... ပြန်သိမ်းထားလိုက် ။ ။

17 comments:

ဝက်ဝံလေး said...

သိဘူးဟာ ပြန်ဆုံတာတွေရော ဘာတွေလဲဟင် များက ကဗျာ အားနည်းပါဒယ် ဆိုမှ ဟွင်းးးးးးး

ကိုကိုဆူးရေ ဟိဟိ ထော်ကြည့်တာ ဟဟဟ အော်ဒါနဲ့ ယောက်ျားလား မိန်းမလား မသိဘူး နေဦး ခဏ profile မှာကြည့်လိုက်ဦးမယ် ခစ်ခစ်

ဝက်ဝံလေး said...

တိတွားပီ ယောက်ပြား အဲ ယောက်ျား ဆိုတာ ဟိဟိ အော် ဒါနဲ့ word verification ကြီးဖြုတ်ထားစမ်းပါ ဗျာ ပြောင်းရလွန်းလို့ စိတ်မရှည်ဘူးရယ် သိလား ဟဟဟဟ

မဖြုတ်ချင်လဲ နေဂျာ ကိုယ့်ဘလော့ဂ်ပဲ ကိုယ်လုပ်ချင်ရာ လုပ် ကိုယ်ဆရာပဲ ဟုတ်တယ်မလား ဟိဟိ

ဝက်ဝံလေး said...

သောင်းကျန်းတယ်လို့တော့ မထင်နဲ့နော် အဟီးးး ဂယ်လဲ သောင်းကျန်းသွားတယ် ဟဟဟဟဟဟဟ ပြန်မယ် ထော်နဲ့တော့ လိမ့်ပြီ ဒုန်းးးးးးးးဒုန်းးးးးးးးးးးးးးးးး

ခြေလှမ်းသစ် said...

အင်းကဗျလေးက အဆန်းဗျ ... ရိုးသားမှုရယ် ယုံကြည်မှုတွေကို ဖော်ပြနေသလားလို့

Anonymous said...

ကဗျာထဲမှာ မသိမသာ မာနလေးလည်း ပါတယ် ဖာသိဖာလေး မာန်ပါတယ်။ ကဗျာကောင်းလေး ခံစားသွားပါတယ်
ခင်မင်လျှက်
ညီမလေး ပါးလုံး

HRmyanmar said...

ကဗျာလေးက တိုတိုလေးနဲ့ ဂွတ်တယ်ဗျို့...
ကျနော်ကတော့ဗျာ
အဲ့ဒီနံရံပေါ်က အိမ်မက်တွေနဲ့
အိပ်ချင်ယောင်
ဆက်ဆောင်နေတဲ့ငတိလေးကို တွေ့နေလို့
ဘယ်လိုလုပ်ရင်ကောင်းမလဲဗျာ?

kiki said...

ကိုယ့်အတတ် ကိုယ်စူးတဲ့သူတွေကို စောင်းပြောထားတာလား ကိုနွေဆူးရေ ..

မိုးမရွာလည်း ပွင့်တတ်တဲ့ ပန်းဆိုတော့
ကန္တရ ထဲမှာ ပွင့်တဲ့ပန်းလား ။။။

လူကောင်းတွေက နှိုးရ လွယ်တာလား လို့။။

ဟိုလူဆိုးကြီးတွေ ဒါကြောင့်နိုးရခက်နေတာကိုးးး

ထင်သလိုတွေးသွားတယ် နော်..
ညာဏ် မမှီလို့  ....

emayarKhin said...

ကဗျာလေးကို......
အဓိပ္ပါယ်ရှိစွာ
ခံစားသွားပါကြောင်း.....

သူကြီးမင်း (တုံးဖလား) said...

တယ်ဆိုတဲ့စာပါလား။
ကဗျာလေးက တိုတိုလေးနဲ့ဖတ်လို့ကောင်းတယ်။

မိုးလင်းသွားရင်တော့....
မူရင်းအတိုင်းဖြစ်သွားမှာပါ။ ။

Anonymous said...

တစ်ပွင့်တစ်လေတော့
အဖိတ်အစင် ရှိတာပေါ့ ... ...
ဒါပေမယ့် စိတ်ချပါ
ငါ့ ဆူးက ငါ့ကို ပြန်မစူးဘူး ...။

ကောင်းလိုက်တဲ့ အရေးအသား . . . . . .

Unknown said...

အဓိပ္ပါယ် မရှိသေးတဲ့ကဗျာလေးကအဓိပ္ပါယ်တွေ ဆန်းသစ်နေပါလား ကိုနွေဆူးရေ....
ခင်မင်စွာဖြင့်
နှင်း

အဖြူရောင်နတ်သမီး said...

အားလုံးဟာ....အိပ်မက်ထဲမှာ... ...
မကြာခင်..................
ညလာတော့မယ်...
ပန်းတွေကိုချော့သိပ်ဖို့.........

ဝက်ဝံလေး said...

ပြန်ပြင်ပြီးပြီဆိုလို့ စမ်းကြည့်တာ ရပြီထင်တယ်

ဝက်ဝံလေး said...

ဟုတ်ပါ့ ရပြီကွ ဟဟဟ ကျေးဇူးးးနော် နာက ပျင်းလို့ အဲဒီ word verification ကိုမရေးချင်လို့ ဟိဟိ ဘလော့ဂ်ရှင်ကိုတော့ အားနာပါတယ် ဟက်

sait phay yar said...

မာနလေးသံလေးတွေပါနေတဲ့ ကဗျာလေးနော်

Mhu Darye said...

လာဖတ်တယ်..း)

Mhu Darye said...

လာဖတ်တယ်..း)