Tuesday, August 25, 2009

ဉာဏ်စမ်း (အဖြေ)

လာဖြေကြတဲ့သူတွေကိုရော မဖြေတောင် ဖတ်ပေးသွားတဲ့ သူတွေကိုပါ ကျေးဇူးအများကြီးတင်ပါတယ်။ မေးခွန်းလေးတွေက သိပ်မခက်ပေမယ့် ကျွန်တော်စိုးရိမ်တာက ဘာမေးချင်တာလဲ နားမလည်မှာကိုပါ။ ခုတော့ မေးခွန်းကို နားလည်တဲ့ အပြင် မမေသူက တစ်ခုမှန်ပြီး ကိုကိုမောင် ပညာရှိကြီးက နှစ်ခုတောင် မှန်အောင် ဖြေလိုက်လို့ ငါ မေးခွန်းထုတ်တတ်ပြီကွ ဆိုပြီး ၀မ်းသာရပါတယ်။ ( စာမေးပွဲရာသီကျရင် စပေါ့ရိုက်ပြီး လုပ်စားရမယ် ... ငှဲ .. ငှဲ ...)

နံပါတ်(၁) အဖြေကတော့ ...
ဧရာဝတီမြစ်ကြီးအနားမှာ ရှိတဲ့ မြစ်ကြီးနားမြို့နဲ့ တောင်ကြီးပေါ်မှာ ရှိတဲ့ တောင်ကြီးမြို့ပါ။
မမေသူက မြစ်ကြီးနားမှန်ပြီး ကိုကိုမောင်က နှစ်ခုလုံးမှန်ပါတယ်။ မမေသူဖြေတဲ့ အင်းလေးက မြို့ မဟုတ်ပါဘူး။ အင်းနာမည်ပါ။ အဲဒီမှာ ရှိတဲ့ မြို့နာမည်ကလည်း ရွှေညောင်ပါ။ (ရွှေညောင်လား ညောင်ရွှေလား မကွဲပါ။ သိသူဖြေပေးခဲ့ပါ။) နောက် ကိုကိုမောင်ပြောတဲ့ ရေနံချောင်းကိုလည်း စဉ်းစားမိပါတယ်၊ ဒါပေမယ့် ရေနံတွေက မြေကြီးအောက်မှာ ရှိနေလို့ မျက်စိနဲ့ အလွယ်တကူ မမြင်ရတဲ့အတွက် ချန်ထားခဲ့တာပါ။

နံပါတ်(၂)အဖြေကလည်း ကိုကိုမောင် မှန်ပါတယ်။ ကျွန်တော်က ‘က’ငယ်လို့ စဉ်းစားပြီး သူက ‘က’လေးလို့ ဖြေပါတယ်။ သူဖြေသလိုပါပဲ .... ဂငယ်ရှိသလို ဃကြီး ရှိပါတယ်။ နငယ်ရှိသလို ဏကြီး ရှိပါတယ်။ လ ရှိသလို ဠကြီး ရှိပါတယ်။ ကကြီးကတော့ ညီပျောက်နေတဲ့ အစ်ကိုလို မျက်နှာငယ်နေသလို ကျွန်တော် ခံစားရပါတယ်။

နံပါတ်(၃) ကတော့ ကိုကိုမောင် ဖြေထားတာနဲ့ ကျွန်တော် စဉ်းစားထားတာ နည်းနည်း လွဲသွားပါတယ်။
အဖြေကတော့ ရိုးရိုးလေးပါပဲ ... မြ၀တီမင်းကြီး ဦးစဆီမှာ နာရီရှိနေလို့ပါပဲ။ နာရီရှိကြောင်း ပြောချင်တဲ့အတွက် လုပ်ကြံဇာတ်လမ်းလေး ဖန်တီးပြီး မေးခွန်းထုတ်လိုက်ရတာပါ။ ကျွန်တော့်ဇာတ်လမ်းကိုက အဖြစ်မှန်မဟုတ်တဲ့အတွက် ကိုကိုမောင့်အဖြေကို မှားတယ်လို့ သတ်မှတ်လို့ မရပါဘူး။ သူစဉ်းစားတာလဲ ကောင်းပါတယ်။
မြ၀တီမင်းကြီး ဦးစဆီမှာ နာရီရှိကြောင်း အထောက်အထား ပြစရာကတော့ ၁၈၃၆ ခုနှစ်ထဲမှာ ခရစ်ယာန်သာသနာရေး ကိစ္စကို စုံစမ်းဖို့ အင်းဝမှာ တစ်လကြာ နေထိုင်သွားတဲ့ အမေရိကန် နှစ်ခြင်း သာသနာပြုဆရာ မယ်လကွန် ( Malcom) ရေးသားခဲ့တဲ့ စာထဲမှာ မြ၀တီမင်းကြီး ဦးစအကြောင်း ခုလိုပါ ပါတယ်။
“သူသည် ရွှေပိန်းချအစ်တစ်ခုကို ယူ၍ သူရထားသော အင်္ဂလိပ်လုပ် ပစ္စည်းများကို ပြပါ၏။ ထိုအထဲတွင် မင်းကြီး မဟာဗန္ဓုလ မကျဆုံးမီက သူ့ထံပို့သော နာရီတစ်လုံး ပါလေသည်။”

အဖြေတွေကို ပြီးအောင် စိတ်ရှည်ရှည်ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ။

8 comments:

Anonymous said...

အကိုရေ ညီလာတာ နောက်ကြသွာတယ်ဗျာ....
ညီ blog ကို မဝင်တာကြာသွာလို မသိလိုက်ဘူးဗျာ....
မဖြေလိုက်ရလို့ စိတ်မကောင်းဘူးဗျာ...

desertraindrops said...

အင်းထဲမှာရှိတဲ့ မြို့က ညောင်ရွှေမြို့ပါ။ မေးခွန်းမေးတုန်းက မဖတ်ဖြစ်လိုက်လို့ :) အခုအဖြေတွေ လာကြည့်သလိုဖြစ်သွားတယ်။

သူကြီးမင်း (တုံးဖလား) said...

အော်...
မြ၀တီမင်းကြီး ဦးစဆီမှာ နာရီရှိနေတာကိုး။
နာရီမောင်းတီးတဲ့သူလေး သနားစရာ။ နာရီမရှိဘဲ မီးကင်းစောင့်သလိုဖြစ်နေပြီ။

ဗဟုသုတတစ်ခုတိုးပါတယ်။ ဦးစကြီး နာရီတစ်လုံး ပိုင်ဆိုင်ခဲ့တယ်ဆိုတာ သိရလို့။

ပျော်ရွှင်ပါစေ။

မြစ်ကျိုးအင်း said...

ငါထင်တဲ့အတိုင်းပါပဲလား တယ်တော်တဲ့ ငါပါလား
ငါကွ ငါ ငါ ငါ

အဲလိုလေးပြောချင်ပေမယ့် မဖြေထားလို့မပြောနိင်တော့
ဘူး။မနေ့ကခေါင်းကိုက်ပြီး အာရုံတွေ များနေလို့ပေါ့ကွာ :)
ကောင်းတယ်နွေဆူးရေ မေးတဲ့သူရော ဖြေတဲ့သူရော တော်တယ်။ဗဟုသုတ တိုးတာပေါ့

ငှက်ငယ်လေး said...

ဂလိုလားဟီးး ပိန်းချက် တစ်ထုပဲမှန်တယ်ဂျာ

Waing said...

အဖြေတွေအရင်ဖတ်ပြီးမှ မေးခွန်းကို သွားကြည့်မိလို့ ဟိဟိ
အလာနောက်ကျသွားတယ်နော် အရမ်းမေးခွန်းထုတ်တော်တဲ့ ကိုနွေဆူးရေ...၀ိုင်းဆီမှာလည်း ဥာဏ်စမ်းမေးထားတယ် လာဖြေလှည့်ပါဦးနော် =)

အမတငယ် said...

အော် ဖြေမလို့ပါဆို သူက အရင်ဖြေသွားပြန်ဘီ.. အဟိ..
အမှန်တော့ တထုမှတိဘူး.. အဲ့လိုပိန်းတာ...

မြဝတီမင်းကြီးဦးစမှာ နာရီရှိမှန်း ဂယ်သိဘူး...
ဗဟုသုတရလို့ ကျေးကျေးပါဗျ...

Angel Shaper said...

အဖြေကတော့ အဲဒါပါပဲ။
ဟဟားးးးးးး
သမီးမှန်တယ်ကွ။။။။