Sunday, August 23, 2009

ဉာဏ်စမ်း

ငှက်ငယ်လေး Tag ထားလို့ ရေးစရာရှိနေတဲ့ ဉာဏ်စမ်းကို မေးလိုက်ပါဦးမယ်။ ပျော်စရာ မေးခွန်းလေးတွေပါ။ ခေါင်းကြီးသုံးပြီး အတင်း မစဉ်းစားကြပါနဲ့။ အိုင်ကျူတက်စ် မေးခွန်းကြီးတွေ မေးတတ်လောက်အောင် ကျွန်တော် မတော်ပါဘူး။ ငယ်ငယ်က ဖတ်ဖူးတဲ့ မီးငယ် ဉာဏ်စမ်းပဟေဠိလို ခပ်နောက်နောက် မေးခွန်းလေးတွေပါ။

(၁)
မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီးတွေထဲမှာ နာမည်နဲ့ အရမ်းလိုက်တဲ့ မြို့ကြီးနှစ်မြို့ ရှိပါတယ်။ ကျွန်တော်စဉ်းစားရသလောက်ပေါ့။ ဒီထက်လည်း ပိုချင်ပိုမှာပါ။ ကျွန်တော်စဉ်းစားထားတဲ့ အဖြေနဲ့ မတူရင်လည်း မှန်နေတယ်ဆိုရင် မှန်တယ်လို့ သတ်မှတ်ပါတယ်။ ကဲ ဘာမြို့တွေလဲ?

(၂)
မြန်မာအက္ခရာ ဗျည်း ၃၃ လုံးထဲမှာ ပျောက်နေတယ်ထင်ရတဲ့ အက္ခရာတစ်လုံးရှိပါတယ်။ အမှန်ကတော့ ပါကိုမပါတာပါ။ တီထွင်တဲ့ ပညာရှိတွေ မေ့ကျန်ရစ်တာလား၊ သေချာမထည့်ခဲ့တာလားတော့ မသိဘူးဗျ။ ဟီးဟီး ။ အဲဒီအက္ခရာမပါတော့ ရှိနေတဲ့ အက္ခရာလေးတစ်လုံးဟာ မျက်နှာငယ်နေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကဲ ဘယ်အက္ခရာ ဖြစ်မလဲ?

(၃)
အင်းဝနေပြည်တော်မှာ ဘကြီးတော်ဘုရားလက်ထက်က မြ၀တီမင်းကြီး ဦးစ ရှိပါတယ်။ တစ်ရက်မှာ နာရီမောင်းတီးတဲ့သူဟာ အချိန်နဲနဲလွဲသွားပါတယ်။ အဲဒီခေတ်က အချိန်သိနည်းက ရေဖလားကြီးထဲမှာ ရေဖလားအသေးလေးတစ်လုံးကို အပေါက်ဖောက်ပြီး ထည့်ထားပါတယ်။ ဖလားအသေးလေးထဲကို ရေအပြည့်ဝင်ပြီး နစ်သွားရင် နာရီမောင်းတစ်ချက်တီးရပါတယ်။ အကြမ်းဖျင်း တစ်နာရီလောက်ရှိမယ်လို့ ကျွန်တော့်ဟာ ကျွန်တော် သတ်မှတ်ပါတယ်။ မှတ်ကရော ... ဟီးဟီး။ အဲလို အချိန်နဲနဲ လွဲသွားတာကို မြ၀တီမင်းကြီး ဦးစ သိသွားလို့ အဲဒီမင်းချင်း အဆဲခံရပါတယ်တဲ့။ ကဲ ကျွန်တော်သိချင်တာ မြ၀တီမင်းကြီး ဦးစဟာ ဘယ်လိုများ အချိန်လွဲတာ သိသွားပါလိမ့်?
သမိုင်းစာအုပ်တွေ လှန်မရှာကြနဲ့ဦးနော်။ ဘယ်ထဲမှာမှ မပါဘူး။ ကျွန်တော့်ဟာကျွန်တော် လျှောက်တွေးထားတာ။ တကယ့်အဖြစ်အပျက်လည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်အဖြေပေးရင်တော့ သမိုင်းကို အခြေခံပြီး ပေးပါ့မယ်။ ယုတ္တိရှိရှိလေးပေါ့ ... ဟီးဟီး။

ကဲ ငှက်ငယ်လေးရေ ... ကျေနပ်တယ်နော်။ လာတဲ့သူ အပေါင်း ကျွန်တော်ရူးကြောင်ကြောင် စဉ်းစားထားသမျှကို ကူပြီး အုန်းစားပေးကြပါဦး။

11 comments:

ဝက်ဝံလေး said...

မသိဘူးကွာ နေဦး စဉ်းစားလိုက်ဦးမယ် အချိန်ပေးဦး ခဏ ၂ ရက် ၃ ရက်ပေါ့ကွယ် ငှဲငှဲ ဟားဟားးးးးးးး

ပုံ့မေ said...

အဟီး စဉ်းစားမရသေးဘူး...ပြန်လာပါမယ်။

(တကယ်တော့ တခြားသူတွေဖြေတာကြည့်ဝါးချမလို့ လှည့်ပြန်သွားတာပါ :P)

thinzar said...

ခေါင်းကို ဘယ်ပြန်ညာပြန် ၃ ခါလောက် ကုတ်နေမိတယ်။
အဖြေလည်းထွက်လာဘူး....။ တောက်တီးတောက်တဲ့တော် မေးလည်းမေးတတ်တယ်

နံပါတ် ၂ က ဗျည်း ၃၃ လုံးထဲမှာ မပါ ပါဘူးဆိုမှတော့ အဖြေကို ဘယ်နား သွားရှာရပါ့မလဲ။

ခေါင်း တကုတ်ကုတ်နဲ့ ပြန်သွားပြီ .....။

ပုံ့မေ said...

မှန်းချက်
နံပါတ် ၁
(၁) မြစ်ကြီးနား (ဧရာဝတီမြစ်ကြီးနားမှာရှိတယ်)
(၂) အင်းလေး (အင်း ၂အင်းရှိတဲ့ထဲမှာ သူက သေးလို့ ..ပြီးမြို့ တည်ထားတယ်လေ)

နံပါတ် ၂
မသိပါ...ရှိပါဘူးဆို ဘယ် အဘိဓာန်သွားရှာရမတုန်းအစ်ကိုရ.. ဗြဲဗြဲ

နံပါတ် ၃
အပေါက်သေးသေးဆိုတာ ဘယ်လိုသေးသေးလဲ။ ဟဲဟဲ မသေချာတော့ သေးတာထက် နဲနဲ ပိုကြီးသွားလို့ ...အချိန်နဲနဲ လွဲသွားပါတယ်။ အဲတာကြောင့် ဦးစဆီမှာ ကလော်တုတ်ခံရတာ...

ကဲ ဟိဟိ :P

မြန်မြန် အဖြေပေးပါဗျို့ ...

သူကြီးမင်း (တုံးဖလား) said...

၁။ နာမည်လိုက်တဲ့ မြို့ကြီး နှစ်မြို့က
တောင်ကြီးမြို့နှင့် မြစ်ကြီးနားမြို့။
တောင်ကြီးက တောင်ကြီးပေါ်မှာတည်ထားတယ်။
မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ကြီးရဲ့ အနားမှာ တည်ထားတယ်။
(ရေနံချောင်းမြို့ကိုလဲ နာမည်နှင့်လိုက်တယ်ပြောလို့ရပါတယ်။ ရေနံချောင်းမြို့တစ်လျောက် ရေနံတွေ မြေအောက်မှာ ချောင်းတွေလို ဖြစ်နေလို့။ ဒါပေမဲ့ ရေနံချောင်းက မြို့ကြီးမဟုတ်ဘူး).

၂။ မြန်မာဗျည်း ၃၃ လုံးထဲမှာ ပျောက်နေတာက က လေး အက္ခရာဘဲ။ ရှင်းပြပါမည်။
ဗျည်း ၃၃ လုံးထဲမှာ...
ဃ ကြီး ရှိသလို ဂ ငယ် ရှိတယ်။
ဏ ကြီး ရှိသလို န ငယ် ရှိတယ်။
ဠ ကြီးရှိသလို လ လေးရှိတယ်။

ဒါပေမဲ့ ကကြီးရှိသလို က လေး(ငယ်) မရှိဘူး။

၃။ ဖြစ်နိုင်ချေနှစ်ခု ရှိပါတယ်။
ပထမတစ်ခုက မြ၀တီမင်းကြီးဦးစဟာ ပတ်ပျိုးရေးတဲ့နေရာမှာ တကယ်တော်တယ်။ အချိန်အတိအကျနဲ့ ရေးနိုင်ပုံရတယ်။ ဥပမာ စရေးတဲ့အချိန်ကစပြီး ပြီးတဲ့အချိန်အထိ တစ်နာရီကွက်ဖြစ်နေနိုင်တယ်။ (ကျနော့်အထင်ပါ)။
အဲဒီတော့ သူ ပတ်ပျိုးတစ်ပုဒ်ပြီးပြီးချင်း နာရီမောင်းသံမကြားရလို့ အချိန်လွဲတယ်ဆိုပြီး နာရီမောင်းတီးတဲ့သူကို ကလော်ဆဲတာ ဖြစ်နိုင်တယ်။

ဒုတိယအချက်ကတော့
မြ၀တီမင်းကြီးဆီမှာလဲ နာရီစည်းချက်ပြုလုပ်တဲ့ ရေခွက်စံချိန်ရှိမယ်။ နာရီမောင်းတီးတဲ့သူဆီမှာလဲ ရှိမယ်။ ဒါပေမဲ့ကွာခြားချက်က မြ၀တီမင်းကြီးရဲ့  ရေခွက်ထဲက ရေတွေက ရေကောင်းရေသန့်တွေဖြစ်နိုင်တယ်။ ဒါကြောင့် အချိန် တိကျမယ်။ နာရီမောင်းတီးတဲ့သူဆီက ရေကတော့ အများသုံးမို့ ရေမသန့်ဘဲ ရေထဲမှာ အနယ်တွေ ရှိနိုင်တယ်။
ဒီတော့ ဖလားခွက်သေးသေးလေးထဲကို ရေစိမ့်ဝင်တဲ့အပေါက်ထဲ ရေထဲက အနယ်လေးတွေ ပိတ်ဆို့နေတာကြောင့် ရေအ၀င်မညီဖြစ်ပြီး အချိန်လွဲသွားတာလဲ ဖြစ်နိုင်တယ်။

ကဲ ဒါပါဘဲ။
ဟုတ်လားမဟုတ်လားတော့မသိဘူး။ ကျနော်လဲ ရမ်းချလိုက်တာ။

ပျော်ရွှင်ပါစေ။

kiki said...

ဟဲ ဟဲ ..ဟဲ ဟဲ ။
အပေါ်က ဦးကိုကိုမောင် ယူကေ ကြီးက
ပညာရှိကြီး ပါလား ။
သူဖြေလိုက်ပြီးပြီ ၊ နောက်လူတွေ ဖြေစရာ လိုတော့ ဘူး ...

ဝက်ဝံလေး said...

အဲဒီ ကိုကိုမောင် ဖြေသလိုပဲ လို့ လာပြောတာ အဟီးးးး ငါကွ တော်တယ်မလား ဟက်

စိတ်၏ဖြေရာ said...

တစ်ခုမှလဲဖြေနိုင်ဘူး။တော်တယ်နော်..ဟီးဟီး..

ငှက်ငယ်လေး said...

မန့် တွေမကြည့်ပဲဖြေထားကြည့်တာပါ

၁။ ကမမမေသူနဲ့ တူနေပါတယ်.. နောက်တစ်ခုက တောင်ငူလည်း ဖြစ်နိုင်ပါတယ်

၂ နဲ့  ၃ ကတော့ တိဝူးဂျာ စဉ်းစားလိုက်ဦးမယ် ပြီးရင် ပြန်လာရေးမယ် ဟီးးး

သုခုမလေဒီ said...

ဆံပင်မြန်မြန်ဖြူအောင်လုပ်တာလား??း)
ခုတော့နောက်ကျမှရောက်လာလို့ ဖြေစရာမလိုတော့ဘူး လေ မောင်လေးကိုကိုမောင် ပညာရှိကဖြေသွားပြီ။
ဟီးဟီး ဦးနှောက်မစားတော့ဘူး။
ကျေးဇူးပါမောင်လေးရေ....။

မြစ်ကျိုးအင်း said...

တောက်! ကိုကိုမောင် ဦးသွားလို့ပေါ့ကွာ ဟင်းးးဟင်းးး
ငါကိုက ရောက်လာတာ နောက်ကျတာပါ
ငါ့အပြစ်ပါ ငါ့အပြစ်ပါ
ခေါင်းခါ လည်ခါဖြင့် ပြန်သွားရသည်။