Wednesday, August 19, 2009

တောမီးလောင်ခြင်း ဒဿန

“မီးဗျို့ ! မီး ... မီး ...!!!”
ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ခြေဦးတည့်ရာ ပြေးလွှားနေတဲ့ တိရစ္ဆာန်တွေရဲ့ အသံနဲ့အတူ တောမီးမလောင်တာကြာလို့ ပျင်းရိနေတဲ့ တောကြောင်တစ်ကောင် လန့်နိုးလာတယ်။
အားရ၀မ်းသာပဲ လက်ခမောင်းခတ်ဖို့ ပြင်ဆင်လိုက်တယ်။
အဲဒီအချိန်မှာပဲ .....
‘ ၀ုန်း ! ... ’
“အား !!!”
တောမီးက သူ့ကိုပါ ၀ါးမျိုသွားတယ်။
မီးလောင်နေတာက သူနဲ့ နီးနီးလေး ...။ ကိုယ့်ပတ်ဝန်းကျင်ကိုမှ မစူးစမ်း မလေ့လာသေးပဲ တောမီးလောင်တိုင်း လက်ခမောင်းခတ်ချင်နေတဲ့ တောကြောင် ... မီးလောင်ခံရတာတောင် နည်းသေး။ ။

ဒီဝတ္တုတိုလေးနဲ့ အတူ ဘလော့စလုပ်လုပ်ချင်း တင်ခဲ့ဖူးတဲ့ ၀တ္တုတိုလေးတစ်ပုဒ်ပါ ပြန်တင်ပေးလိုက်ပါတယ်။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ပေါ့ဗျာ။

ကိုယ်ကျိုး

ကယ်တင်ချင်ယောင်ဆောင်ထားသောမာရ်နတ်ကပြောလိုက်သည်...
"ခင်ဗျားတို့မြို့ကိုအလင်းရောင်တွေပေးဖို့ ကျွန်တော်လာခဲ့တာ..."
မြို့သူမြို့သားများကလည်း အထင်တကြီးနှင့် ယုံကြည်ကိုး ကွယ်မိကြလေသည်။
မာရ်နတ်က မီးပုံကြီးတစ်ခု ဖန်ဆင်းလိုက်၏။
" ဟုန်း !!!"
လင်းတော့လင်းပါသည်။ သို့သော် မာရ်နတ်နှင့် ပတ်ဝန်းကျင်အနည်းငယ်သာအလင်းရောင်ရကြ၍ ကျန်သောမြို့သူမြို့သားများမှာ အလင်းစအနည်းအကျဉ်းနှင့် မှုန်ပျပျမျှသာ။ ။

... ... ...

12 comments:

Yu Ya said...

မီးဒဿန ကို ခံစားသွားပါတယ် ကိုနွေဆူးရေ..

yu ya

Anonymous said...

;)
ပေးထားတာလေးကောင်းပါတယ်

kiki said...

လိုရင်း တိုရှင်းလေးနဲ့ 
အဓိပ္ပါယ် လေးနက် လှပါပေတယ် ကိုနွေဆူးရေ ။

မီးးးးး ဘာမီးမှ မကောင်းပါလား ။
မရှိမဖြစ် ရှိမဖြစ် ။
သုံးတတ်လျှင် မိတ်ဆွေ ဆိုပေမဲ့
ခုလို တောမီးတွေ ရှို့ မီးတွေ နဲ့တော့ မတွေ့ပါရစေနဲ့ တော့
ကြောက်လှပါတယ်။။

ဝက်ဝံလေး said...

အင်းနော် ဘာမီးမှ မကောင်းဘူးကွယ်

မြစ်ကျိုးအင်း said...

တောမီးဖတ်လို့ သဘောကျနေတုန်း အရင်ပို့စ်လေး ထပ်ဖတ်လိုက်ရတော့ ပိုတောင် သဘောကျသွားသေး

သတင်းစာတွေမှာ ဓါတ်လိုက်တယ်ပြောတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကိုတောင် မြင်ယောင်သွား မိတယ်..။

HRmyanmar said...

ပြောရှာပါတယ် ဘာတဲ့ “သင့်ကြောင့် မီးမလောင်ပါစေနှင့်တဲ့”

poemflower said...

ပေးချင်တဲ့ Message ကောင်းတယ် ကိုနွေဆူးလကာင်္

lovelessguiter said...

တကယ့်ကို အတွေးကောင်းလေးပါပဲဗျာ... အတော်လေးကြိုက်မိပါတယ်..။

Dream said...

ဦးကြီး.. ပို့စ်လေး ဖတ်ရတာ ထိတယ်...

လိုတိုရှင်းနဲ့ အဓိပါယ်များကြီးပေးတယ်..

ကျေးဇူး..

Beauty Studio USA Branded Store said...

အတွေးတွေအများကြီးပဲဗျာ။

Unknown said...

သြော်...သြော်..

သြော်..
ဟိုဘက်ကနေလူတွေကအော် လိုက်...
ဒီဘက်ကနေလူတွေကလှော်လိုက် နဲ့...
အချိန်တန်တော့...
မြန်မာပြည်ထဲက လူတွေက..
ထထပြီး ချကြတယ်....
ဒီတစ်ပွဲပြီး ပြန်တော့..
ဟိုဘက်ကလူတွေက အခွင့်အရေးလေးရလိုက်..
ဒီဘက်ကလူတွေက အကျိုးအမြတ်လေးရလိုက်နဲ့..
မြန်မာပြည်ထဲက လူတွေကလည်း..
ပိုးစိုးပက်စက်နဲ့..သေလိုက်တာမှ ..
သောက်သောက်လဲ...

သြော်...
ဒီလိုနဲ့ဘဲ....
အော်တဲ့သူတွေကလည်း
ထပ်ကာထပ်ကာအော်.....
လှော်တဲ့သူတွေကလည်း
ထပ်ကာထပ်ကာလှော်.....
သေတဲသူတွေကလည်း
ထပ်ကာထပ်ကာသေ.....
အမြဲမပြတ်တတ်တဲ့ သံသရာဆိုတာ..
ဒီလိုဟာကိုပြောနေတာဘဲ..........ဖြစ်ပါလိမ့်မယ်။

ရဲရင့်နီ(၁၆.၈.၂၀၀၉)

ballonlay said...

တောမီး