Saturday, July 18, 2009

နောက်ကျနေတဲ့ ကဗျာ


တကယ်ပါ ...
ငါ့မှာ ၀င်ခင်းစရာ
ဖျာလည်း မရှိဘူး
စိတ်လည်း မကူးခဲ့ပါဘူး ... ။

တခါတရံလေးတွေမှာ
လင်းလက်ခဲ့တာက လွဲရင်
ငါက ... အမှောင်မှာ
ကျင့်သားရနေတဲ့
လူစုန်းတစ်ကောင်ပါ ... ။

ရိုးသားခဲ့ပါတယ်လို့တော့
ကိုယ့်ကိုကိုယ်တောင် မညာချင်ပါဘူး။

သေချာတာကတော့
ငါက လေတိုက်တိုင်းမယိမ်းသလို
မိုးရွာလို့လည်း ရေခံဖို့ မေ့နေသူပါ။

အဲဒီမှာ ...
တိမ်လိုက်စီးချင်တဲ့ ကောင် ...
သက်တန့်ခုံးပေါ်မှာ
ယိုင်နဲ့စွာ ရပ်လို့ ... ။ ။

20 comments:

မောင်ဖားကြီး said...

ကိုယ့်အကြောင်းကိုယ် ပြန်ဖတ်လိုက်ရသလို ခံစားလိုက်ရပါတယ်ခင်ဗျာ

ဇော် said...


ကဗျာကောင်းလေးပဲဗျ။ =)

ဝက်ဝံလေး said...

ပထမဆုံးလည်လည်လာပါနော် အရင်က ကဗျာဆိုရင် စပ်ဖို့ဝေးစွ ကြိုက်လဲမကြိုက်ဘူး ဖတ်လဲမဖတ်ဘူးရယ် အခုတော့ တစုံတယောက်ကြောင့် ဖတ်တတ်လာပြီ ခံစားတတ်ပါပြီ ရှင့် အဟဲ သေချာဖတ်သွားတယ်နော် ကဗျာလေးကို ကောင်းပါတယ်

ပျော်ရွှင်ပါစေနော် တာ့တာ ဘိုင်

ဆောင်းယွန်းလ said...

ကဗျာထဲမှာအမှန်တရားတွေတွေ့ရပါတယ်
ကဗျာကောင်းတပုဒ်ပါပဲညီလေးရေ

အားပေးနေမယ်........

Apprenticeship said...

မျော်လင့်ချက်အလင်းတန်းလေးကိုတော့ လက်ကိုင်ထားဖို့မမေ့နဲ့နော်... လင်းလက်ပါစေကွားးး

အရုပ်ကလေး said...

အမှောင်မှာ ကျင့်သားရနေပေမယ့် ကမ္ဘာရဲ့ တစ်ထောင့်
တစ်ဆင့်မှာ ကောက်နုတ်ချက် အပြင်းတွေနဲ့ ကဗျာသံစဉ်ကိုဖန်တီး စိတ်ရဲ့အလျင်းသင့်ရာမှာ
ဘေးချင်းယှဉ်ဖို့ ကြိုးစားနေတဲ့ ကိုယ့်အသွင်စိတ်က
ယိုင်နဲ့စွာနဲ့ အာခံနေမယ်ဆိုရင် ရိုးသားကြိုးစားလို့ နိုးကြားစေရင် အာရုံသာတဲ့ ရောင်နီဟာ
ဖိတ်မခေါ်ပေမယ့် စိတ်နယ်ပယ်မှာ ခြေချနိုင်မှာပါ ..။

အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ ညီ ..။

ကိုအောင် said...

ကဗျာက ကောင်းလှပါတယ်၊ အားပေးလျက်ပါ။ ကျနော်
က အိမ်ထောင်သည် ဖြစ်သွားတော့ အရင်ကလို ချက်
ချင်း ပြန်မနုတ်ဆက်ဖြစ်ရင် ခွင့်လွှတ်ပါ။

မေ့သမီး said...

ပွဲလန့်တုန်း ဖျာမခင်းတတ်ဘူး။ လူရှင်းမှပဲပေါ့။ :P

Angel Shaper said...

ဝီး... ကိုနွေဆူး ထိထိမိမိ ကဗျာလေး လာရောက်ခံစားသွားကြောင်းပါ။ သက်တံ့ခုံးပေါ် ရပ်ပြီး တိမ်လိုက်စီးမလို့.....ရမလား?a

said...

မိုးရွာတုန်း ရေမခံတတ်တဲ့ ရေမခံတတ်တော့ ရေလဲမလောင်းတတ် အဖေ့ကို သတိရမိပါတယ်။

ကောင်းကင်ပြာ said...

သတိထားပါ သက်တန့်ပေါ်မှာ ခြေခိုင်ခိုင်ရပ်ပါ၊ မတော် ပြုတ်ကျမှ..

မျက်မှန်လေး said...

အစ်ကိုရေ..အလည်ရောက် ပြီးကဗျာကိုခံစားပြီးဖတ်သွားပါတယ်။
ကဗျာမရေးတတ်တော့ရေးတတ်တဲ့လူတွေကို အရမ်းအားကျမိပါတယ်.
တလက်စတည်း လင့်ခ်ယူသွားပါတယ်နော်။

Unknown said...

နောကျနေတဲ့ ကဗျာလေးကိုအားပေးသွားတယ်

Unknown said...

ကဗျာလေးကကောင်းပါတယ်
အဖြူရောင်ညီမလေး ဘလော့ကိုလည်းလာရောက်အားပေးပါဦးနော်

မေဇင် said...

ကဗျာ ကောင်းကောင်းလေးကို ခံစားသွားတယ်.... ပထမဆုံး အပိုဒ်လေး အကြိုက်ဆုံးပဲ...။

Anonymous said...

ပထမဆုံး ရောက်ဖူးတာပါ။ စဖတ်ဖြစ်တာကလဲ
"နောက်ကျနေတဲ့ ကဗျာ" တဲ့။ စာရေးသူက
ဘာရည်ရွယ်ချက်လေးနဲ့ များဒီခေါင်းစဉ်လေး
ပေးခဲ့တာလဲ မသိ။ အပိုဒ်တိုင်းက ရသလေးတွေ
ပေးတယ်။ ကဗျာတွေကို ကြိုက်တက်လွန်းတဲ့
ကျွန်မ...ဒီကဗျာလေးရဲ့ အပိုဒ်တိုင်းကိုကြိုက်
တယ်။ ရိုးရိုးလေးနဲ့  အတွေးလေးတွေပေးတယ်။
စာရေးသူရဲ့ စိတ်ထားတချို့ လေးတွေကိုလည်း
မြင်လိုက်ရသရောင်။ :)အားပေးနေတယ်
သူငယ်ချင်းရေ။
ခင်မင်လျှက်းးးးးးးးးးးခင်မာလာအောင် .....:)

jasskas said...

နောက်ကျမှ...နောက်ကျတဲ့..ကဗျာကို..ဖတ်ဖြစ်တော့တယ်ဗျာ..
နောက်ကျတဲ့အတွက်...ကျေနပ်ပါတယ်...
အဆုံးသတ်မလှမပရှိတဲ့...ပန်းချီကားတစ်ခုရဲ့ ...
အနားကွပ်ဘောင်...အစုတ်အပြက်ကြီးထဲမှာ...
ဒီလိုပဲပေါ့ဗျာ...
...
နောက်ကျ...နေတုန်းပါပဲဗျာ...
...
...
...
...

Anonymous said...

တခါတရံလေးတွေမှာ
လင်းလက်ခဲ့တာက လွဲရင်
ငါက ... အမှောင်မှာ
ကျင့်သားရနေတဲ့
လူစုန်းတစ်ကောင်ပါ ... ။

ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ ထိမိတယ်

Unknown said...

အစ်ကိုရေ.... ထိမိလွန်းတဲ့ ကဗျာလေးပါပဲ။ ဖတ်လိုက်တွေးလိုက်နဲ့ မျက်လုံးထဲမှာ ပုံရိပ်တွေပေါ်လာပါတယ်။ ဒါနဲ့...(ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်ဂင်းကို လေ့လာပါလား) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ထဂ်လိုက်ပြီ အစ်ကို။ ရေးပေးပါခင်ဗျ။ အဟေး

may kyaw said...

သေချာတာကတော့
ငါက လေတိုက်တိုင်းမယိမ်းသလို
မိုးရွာလို့လည်း ရေခံဖို့ မေ့နေသူပါ။

မှန်လိုက်တာ