Friday, June 12, 2009

သတင်းစာ ရှင်းလင်းပွဲ

မုသားတွေနဲ့ အသားကျနေတဲ့ မြို့ပျက်ကြီးထဲမှာ ပါးစပ်ကြီးတွေ ထင်ရာစိုင်းနေကြတယ်...။
အဲဒီထဲမှာမှ မုသားအများဆုံး ငုံထားတဲ့ ပါးစပ်ကြီး နှစ်ခု သုံးခုက သတင်းစာ ရှင်းလင်းပွဲလုပ်သတဲ့ ...။
သူတို့ရဲ့ ဆရာကြီးတွေက သူတို့အတွက် ကျင့်ကြံ လုပ်ဆောင်စရာ ဆောင်ပုဒ်တွေရေးပြီး လည်ပင်းမှာ ချိတ်ဆွဲ ... ခေါင်းထဲကို ရိုက်ထည့်ပေးလိုက်ကြတယ်။ သတင်းစာရှင်းလင်းပွဲမှာ မျက်စိကြီးတွေ မှိတ်ပြီး သူတို့ ပြောတာက ...
“ခင်ဗျားတို့က ... မေးချင်တာ မေး ...
ကျုပ်တို့က ဖြေချင်မှ ဖြေမယ် ...။”
“ခင်ဗျားတို့က ... မေးသင့်တာ မေး ...
ကျုပ်တို့က ဖြေချင်သလို ဖြေမယ် ...။”
“ခင်ဗျာတို့ကို မေးခိုင်းထားတာ မေး ...
ကျုပ်တို့က အားရပါးရကြီးကို ဖြေပစ်လိုက်ဦးမယ် ...။”

ဒီဝတ္တုတိုလေးနဲ့အတူ ၁၀.၉.၂၀၀၈ တုန်းက တင်ခဲ့တဲ့ ၀တ္တုတိုအဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။

“လင်္ကာကြီးချော”

မိတ်ဆွေကသူ၏ ကိုယ်တိုင်ရေး ဆိုသော လင်္ကာတစ်ပုဒ်လာပြ၏။
"........ ........ ........"
"ဟင် ... ခင်ဗျားဟာကလည်း တချို့အချက်တွေက မဖြစ်နိုင်ဘူးထင်တယ်ဗျ..."
ကျွန်တော်က စိတ်ထဲရှိသည့်အတိုင်းဝေဖန်မိသောအခါ ထိုမိတ်ဆွေကပြန်ပြောသည်။
"ဟဲ ဟဲ.. ဒီလောက်တော့ရှိမှာပေါ့ဗျာမုသား မပါလင်္ကာမချောတဲ့ဗျ..."
"ဪ ဒီလိုလား ... အင်း အင်း ဟုတ်ပြီ"
နောက်တစ်နေ့ကျ ကျွန်တော်၏ကိုယ်တိုင်ရေးလင်္ကာကို သူ့အားပြလိုက်သည်...။
"... ..... .... ..... ...."
ထိုမိတ်ဆွေကဒေါသတကြီးနှင့် ...
"ဘာတွေလဲဗျာ ခင်ဗျားဟာက မဖြစ်နိုင်တာတွေချည်းပဲ...."
"ဟင်... ခင်ဗျားပဲမုသားမပါလင်္ကာမချောဆိုဗျ ... အဲဒါကြောင့် အချောတကာ့အချောဆုံးလင်္ကာကြီး ဖြစ်သွားအောင် မုသား တွေချည်းရေးထည့်လိုက်တာပေါ့ဗျ.. ဟဲ... ဟဲ"
ရှူးသိုးသိုးနှင့် ထိုမိတ်ဆွေလှည့်ပြန်သွားသောအခါသူကြားအောင် ကျွန်တော်အော်ပြောလိုက်သည်...
"ကျွန်တော် စကားပုံကို ပြင်ထားတယ်ဗျ မုသားချည်းပါလင်္ကာကြီးချော လို့မကောင်းဘူးလား"။ ။

8 comments:

ကောင်းကင်ပြာ said...

မုသား မပါ့တပါ လင်္ကာ မချောတချောလေး ကောင်းမယ်ထင်တယ်

Unknown said...

နွေဆူးလင်္ကာရေ...

ကောင်းပါတယ်... ပုံဖော်ထားတာလေးက...

မုသားချည်းပါ လင်္ကာကြီးချော....

ချောတာမှ တော်တော်ချောတာဗျ... ဘုန်းကြီးတူမတောင် ရှုံးတယ်ဗျ.... ;) ;) :)

သတင်းစာ ချည်းရှင်းတာရော ဟုတ်ပါ့မလားမသိဘူးနော်...

kiki said...

ဟဲ ဟဲ ..ဒါကြောင့် တချို့ က ပြောကြတာလေ ..
မိုးလုံးပြည့်  မုသာဝါဒါများ ဆို ပြီး ... ဟဲ ဟဲ
နားထောင်ကြည့်ကြ ပါ ..

ခမ်းကီး said...

သူတို့က ပြန်ပြောလိမ့်မယ်...
မုသားမပါ လင်္ကမချော.... တဲ့။

Unknown said...

ဟား ဟား ဟား ခိုက်တယ်ဗျို့ မုသားကြီးပါ လင်္ကာချော
မှတ်သားစရာပါပဲ

sweetpeony said...

ကြိုက်တယ်....
း)

ဂျူနို said...

ခုပဲ ညာတဲ့ အကြောင်း စဉ်းစားနေတာ။ တနေ့ တနေ့  အလကားနေ အလကား လကာင်္လေး ချောလိုချောညား မုသာစကား ဆိုမိနေလို့ ပါ။
တကယ်ပါပဲ။ တခါတလေ အမှန်တိုင်းပြောတော့လဲ မကြိုက်ကြပဲကိုး။
မှန်ကန်ရင် ကွဲတယ်တဲ့လေ။

ပို့ စ်လေးကောင်းတယ် မုသားမပါ ပြောကြားသွားပါသည်။

အယ်ဇီ

ကိုလူထွေး said...

"မှန်ပါ့ဘုရားအသံသွင်းထားတဲ့ စကားပြောတိတ်ခွေ" ဆိုပြီး ဆရာတင်မိုးရေးခဲ့တာကို သတိရမိတယ်...