Friday, May 15, 2009

အထီးကျန် မွေးနေ့

(၁)

ပြက္ခဒိန်တွေရဲ့ အလိုအရတော့
ဒီလ ဒီရက် ဟာ ...
ငါ့ မွေးနေ့ဆိုပဲ။

(၁)
ဘယ်နှစ် နှစ်ပြည့်တာလဲလို့
ငါ့ကို လာမမေးနဲ့
ငါဖြေနိုင်တာကတော့
ကမ္ဘာမြေကြီးနဲ့ ငါနဲ့
အသက်အတူတူပဲ ထင်တယ်။

(၁)
ဖယောင်းတိုင်မီးကို မှုတ်ငြိမ်းပြီး
ကိတ်မုန့်ကို ဓားနဲ့ လှီးလိုက်တယ်
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။

(၁)
ဟတ်ပီး ဘတ်ဒေး ... ဟတ်ပီး ဘတ်ဒေး ...
စန္ဒရားတီးသံနဲ့အတူ
သီချင်းသံတွေ ကြားရတယ်
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။

(၁)
အားလုံးကို ပြောမယ် ...
ဘ၀မှာ ဒီနှစ်မွေးနေ့က
ပျော်စရာ အကောင်းဆုံးပဲ ...
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။

(၁)
..... ..... ..... ..... ..... ..... ..... ။

(၁)
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။
လက်ခုပ် ဘယ်သူတီးတာလဲ?

(၁)
ငါ့ဘေးမှာ ဘယ်သူမှ မရှိဘူး။ ။

9 comments:

sweetpeony said...

ရန်ကုန်ကပြန်ရောက်ပြီလား ကိုနွေဆူး...။
ပြန်လာလည်ပါတယ်။
မွေးနေ့ ကိုလဲ လာရောက်ချီးမြှင့်သွားပါတယ်နော်။
မင်္ဂလာမွေးနေ့ ပါ။
း)

MANORHARY said...

မွေးနေ့လေး ခြောက်သွေ့နေတာကို မကြည့်ရက်လို့
လာသွားတယ် ....း)
လာစေချင်တဲ့ဧည့်သည်တွေတော့ ဟုတ်ချင်မှဟုတ်မှာ
ပေါ့နော်..း)

kiki said...

:(( HAPPY BIRTHDAY :))
ပျော်စရာ မွေးနေ့  တစ်ရာ တိုင်ပါစေ ။
မတွေ့ တာကြာပေါ့ ။
ဘုန်းကြီး ဘယ်နှစ်ဝါရခဲ့ လဲ...

Unknown said...

ကိုနွေဆူးရေ...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...

မွေးနေ့ကဗျာလေးက....
ကောင်းတယ်ဗျာ...
အထီးကျန်မွေးနေ့တဲ့....
ရွာကပြန်လာပြီးမှ အထီးကျန်ကုန်ပြီပေါ့လေ...
အင်းလေ ရှင်လိင်ပြန်ပြီးဆိုတော့လည်း.... :) .. :)

နေ့သစ်တွေလှပပါစေဗျာ....

ညလေး said...

ကိုနွေဆူးရေ ဒီနှစ်မှလွဲပြီး ကျန်မွေးနေ့ပေါင်းများစွာမှာ မခြောက်မသွေ့ပဲ မိသားစုနဲ့ တူစုံနွှဲနိုင်ပါစေနော်...
ညလေး နောက်ကျပေမယ့် ကိုနွေဆူး ပျော်ပါစေဗျာ.. (စိတ်ရင်းနဲ့ပါ) အထီးကျန်တယ်ထင်ရင် ညလေးကို မေးလ်ပေး စကားပြောတာပေါ့..

thinzar said...

အလာနောက်ကျသွားတယ်.....
မွေးနေ့ဆုတောင်းလေးတော့
ပေးမယ်နော်....
အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ပါစေ ....

Unknown said...

ကိုနွေဆူးရေ... သတိတရနဲက ကို ရောက် လာပါတယ်၊...မွေးနေ့ မှာ ငြိမ်းချမ်း ပါစေ

Dream said...

အားပါးပါး....ကဗျာလေးက မိုက်တယ်ကွာ...
ဘယ်သူ့မွေးနေ့လဲ ဦးဦးရ...
( လက်ခုပ်ဘယ်သူတီးတာလဲ ငါ့လာမမေးနဲ့
မက်မက်တီးတာ မဟုတ်ဘူးလို့ မဖြေဘူး ..ဒါပဲ..) ဟိဟိ..

ပျော်စရာမွေးနေ့လေးပါ...နော်.. စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ ဦးဦးနွေဆူးရေ....

ကောင်းကင်ပြာ said...

ပျော်စရာမွေးနေ့လေးဖြစ်ပါစေလို့ နောက်ကျနေပေမဲ့ ဆုတောင်းပေးသွားတယ်နော်