Friday, April 3, 2009

သံလိုက်အိမ်မြှောင်ကျပျောက်ခဲ့တဲ့ကဗျာ

ပုံစံခွက်ထဲ မနေချင်လို့
စည်းအပြင်ထွက်မိကာမှ
ပုံမကျ ပန်းမကျ နဲ့
ဘာပုံပေါက်သွားမှန်းမသိတော့ဘူး။

ဟိုမရောက် ဒီမရောက်လို့
ပြောရအောင်ကလည်း
ဘယ်က စ လို့ ဘယ်ကို သွားရမှန်း မသိ။

လမ်းကြမ်းလို့ ခရီးမတွင်တာတော့
ဟုတ်မယ် မထင်ဘူး
လမ်းက ချောလွန်းတော့
စလစ် ဖြစ်ပြီး ဘီးတွေ မရွေ့တော့တာ။

အမှန်တရားကို ရှာဖို့
အမှားတစ်ရံကို စီးပြီး ထွက်ခဲ့တယ် ...
ဘယ် .. ညာ .. ဘယ် .. ညာ ...။

ဘာလုပ်ဖို့လဲ?
တိုက်ပွဲဝင်ဖို့ !
ဘယ်သူ့အတွက်လဲ?
ငါ့အတွက် ... ငါ့အတွက် ... !

ကြုံးဝါးရင်း ခရီးဆက်
တစ်နေ့တစ်လံ တစ်နေ့တစ်လံ နဲ့
ပုဂံကတော့ ဘယ်မှ မရွေ့ဘူးပေါ့ ...
သူ့နောက်ကျောမှာ ဝေးကျန်ရင်း ...
..... ..... ဝေးကျန်ရင်း ..... ...... ။ ။

မပြန်ခင်လေး ဖတ်ဖို့ တင်ပေးခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မကြာခင် ကျွန်တော် ပြန်လာပါ့မယ်။

9 comments:

သီဟသစ် said...

ကိုနွေဆူးရေ

အမှန်တရားကို ရှာဖို့
အမှားတစ်ရံကို စီးပြီး ထွက်ခဲ့တယ် ...
ဘယ် .. ညာ .. ဘယ် .. ညာ ...။

အဲဒီစာသားလေးကြိုက်တယ်ဗျာ။

မဆုမွန် said...

ကဗျာ တစ်ပုဒ်လုံး ကြိုက်တယ်...အတွေးကောင်း အရေးကောင်းပဲ အားပေးနေမယ်နော်
ကဗျာလေးဖတ်ရင်း ကြက်သီးထမိတယ် အခုလက်ရှိဖြစ်ပျက်နေတာနဲ့ ကွက်တိဖြစ်နေလို့

ရဲဝင့်သူ said...

အမှန်တရားကို ရှာဖို့
အမှားတစ်ရံကို စီးပြီး ထွက်ခဲ့တယ် ...
ဘယ် .. ညာ .. ဘယ် .. ညာ ...။
သဘောအကျကြီးကိုကျသွားတယ်ဗျာ။
အဲ့ဒါမှကဗျာ။

လေးစားစွာဖြင့်
ရဲဝင့်သူ

မသက်ဇင် said...

ကဗျာ တအားကောင်းတယ်--

Phyo Maw said...

သားရင်ထဲမှာ ကဗျာကဗျာ
ကိုငှက်ကြီးကိုတောင် ဆွဲပြီး သတိရမိသွားသေးတယ်။

thinzar said...

မှန်လိုက်တာ
တကယ့်ကို ပုံမကျ ပန်းမကျတွေဖြစ်ကုန်တာ...။

win latt said...

“ တတိယနိုင်ငံတော်သစ်သို့ခြေလှမ်းများ ”
အမှန်တရားကို ရှာဖို့
အမှားတစ်ရံကို စီးပြီး ထွက်ခဲ့တယ် ...
ခရီးဆက်မယ်စိတ်အကြံပေါက်
ရှေ့မှာ အရင်ရောက်သူရောက်
ဟိုမရောက်ဒီမရောက် တစ်ယောက်နှစ်ယောက်
နောက်ထပ်လိုက်ချင်သူတွေမှိုလိုပေါက်
မဖြစ်စလောက် ဒုက္ခသည် စာရင်းပေါက်ဖို့အရေး
လာဟေ့...လာဟေ့...ဒို့..နယ်စပ်ကိုပြေးရအောင်....။

mhyawlintchin.blogspot.com said...

သူငယ်ချင်းရေ အရမ်းကောင်းတယ်ကွ
မင်းကဘယ်ပြန်သွားတာလဲ......

မင်းနေဝေး said...

ကောင်းတယ်ဗျာ ... တကယ်ပဲနော်
ဘယ်ညာ ဘယ်ညာ