Thursday, April 2, 2009

ရွာပြန်ပြီး ဦးပဉ္ဖင်း ၀တ်လိုက်ဦးမယ်

သင်္ကြန်လည်း ကျတော့မယ်ဗျ။ ကျွန်တော်လည်း ရွာပြန်ပြီး ဦးပဉ္ဖင်း ၀တ်လိုက်ဦးမယ်။ တစ်နှစ်ခြား နှစ်နှစ်ခြားတော့ ၀တ်ဖြစ်ပါတယ်။ သံသရာအတွက် တစ်နှစ်တစ်ခါ ကောင်းတာလေးတွေ လုပ်ပါဦးမယ်။ ဒီအတိုင်းနေရင် ငါးပါးသီလတောင် လုံအောင် မနည်းထိန်းနေရတာ။ မလုံမိတာ များပါတယ်။ အများအားဖြင့်တော့ သူရာမေရိယပေါ့ ဟား ဟား။
ဒုလဘ္ဘ ၀တ်ဖြစ်ရင်တော့ ကျွန်တော် တကယ် တရားလုပ်ဖြစ်ပါတယ်။ ကျွန်တော် ၀တ်နေကျကျောင်းမှာ တရားစခန်းရှိတယ်။ အဲဒီမှာ နေ့ဆွမ်းစားပြီးရင် တရားသွားထိုင်ပါတယ်။ ည တရားစခန်း ပြီးတဲ့ အထိပေါ့။
လာလည်ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများကို သာဓုခေါ်နိုင်ကြစေဖို့ အသိပေးရင်း ခဏ နှုတ်ဆက်ပါတယ်။
ဒီနှစ် သင်္ကြန်မှာ
အားလုံး အေးချမ်းကြပါစေဗျာ။ ။

7 comments:

သီဟသစ် said...

သာဓု သာဓု ၂ ခါခေါ်သွားပါတယ်
သင်္ကြန်ပြီးမှ ၁ ခါထပ်ခေါ်ပါမည်။

မေ့သမီး said...

သာဓု သာဓု သာဓု။ ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ။ ကိုယ်မလုပ်နိုင်တဲ့အလုပ်မို့ ချီးကျူးပါတယ်။ အခုချိန် သင်္ကြန်မြန်မာနိုင်ငံမှာရှိနေရင် တောင် ထွက်လည်ဖို့ပဲ စိုင်းပြင်းနေမှာဆိုတော့။ တရားစခန်းဝင်ဖို့ကတော့ အကြောတက်တတ်လို့လေ။ (ဟီး ဆင်ခြေနဲ့ဆင်လက်)

မိုးခါး said...

သာဓု သာဓု သာဓုပါး)

Sonata Cantata said...

ကုသိုလ်
ဝမ်းမြောက် ၀မ်းသာစွာဖြင့်
သာဓု သာဓု သာဓု
(ငါးပါး သီလ လုံခြုံဖို့အတွက် ကျိုးတတ်နေတဲ့ တခုကို လည်း ရှောင်နိုင်အောင် အဓိဋ္ဌာန် တင်ကြည့်ပါလား ဟု ဆန္ဒမွန်ဖြင့်...)

kiki said...

ဦးဇင်းကြီး..ကြိုတင် သာဓု ၃ကြိမ်ခေါ်ပါတယ်။
ဘယ်ကျောင်းမှာဝတ်မှာလဲ ။ဘယ်နှစ်ရက်ကြာမှာလဲ ။ပြန်ထွက်လာတဲ့ အခါ ရောဂါဆန်းလေးတွေဖေါက်သည်ချပါအုံး။

MANORHARY said...

ဧပြီတစ်ရက်ကလည်းကျော်သွားပြီမို့ ယုံလိုက်ပါတယ်
သာဓု သာဓု..ပြန်လာရင်ပြော ကျန်တဲ့တစ်လုံးဆက်
ခေါ်မယ်..

thinzar said...

သာဓု ခေါ်ပါတယ်...။