Thursday, March 12, 2009

Pause နှိပ်ထားတဲ့ ပြဇာတ်


အခုချိန်ထိ
မိုးကခေါင်နေတုန်းပဲ မေမေ...
ဒီလိုနဲ့ပဲ ငါးတစ်ကောင်
လေနစ်နေတာကြာပေါ့...။

ကိုယ့်ကိုကိုယ် ဆေးရောင်ခြယ်ပါဆိုမှ
အလင်းရောင်ကိုမှ
ဝတ်ဆင်ချင်ခဲ့တဲ့ကောင်ပါ
ဧည့်ခန်းက ပန်းချီကားထဲမှာ
ကွက်လပ်လေး ဖြစ် ကျန်ရစ်တယ်။

နာရီလေးပဲ လွဲတာပါ ...
ရက် လ လေးပဲ လွဲတာပါ ...
ဒီလိုနဲ့ သားရဲ့သက္ကရာဇ်တွေ
တစ်ခုပြီးတစ်ခု ပုပ်သိုးသွားခဲ့ပြန်ပြီ မေမေ...။

ပန်းတိုင်တွေသာ ပြောင်းပြောင်းသွားတယ်
လမ်းဟောင်းထဲကကို မရွေ့နိုင်သေးဘူး။

အစက ပြန် က ခွင့်ရရင်တောင်
ဇာတ်လိုက်နေရာက မနေချင်တော့ဘူး
ကံကြမ္မာနေရာက နေမယ် ...
ပြီးတော့ ...
ဇာတ်သိမ်းခန်းက စ ပလိုက်ချင်တော့တယ်... ။ ။

5 comments:

MANORHARY said...

လာသွားပါတယ်
play ပြန်နှိပ်ပေးရကောင်းမလားစဉ်းစားရင်း...း)

Anonymous said...

ကဗျာလေး ရင်ထဲငြိသွားတယ်။

said...

Pause ခလုပ်ကို ဂဟေဆော်ထားတာနေမှာ။

win latt said...

Pause ခလုပ်ကိုနိုပ်ထားလား...
remotecontrol နဲ့ အဝေးကနေ ပြန်လုပ်ကြည့်ပါလား...
ရရင်လဲ ရမှာပေါ့...မရရင်တော့ အမှိုက်ပုံထဲ လွှတ်သာပစ်လိုက်ပါ...ကောင်းမှမကောင်းတာချည့်...။

အရုပ်ကလေး said...

အတွေးကို စကားလုံးလေးတွေ ပြောင်မြောက်စွာ ရေးဖွဲ့
ထားတဲ့ ကဗျာကောင်း တစ်ပုဒ်ကို သေချာ ဖတ်သွားတယ်