Friday, January 30, 2009

ပြဇာတ်

ကျွန်တော် ငယ်ငယ်က အမေတို့နဲ့ ဇာတ်ပွဲလိုက်ကြည့်ဖူးပါတယ်။ နောက်ပိုင်း ပြဇာတ်ကနေတဲ့ အချိန်ကိုရောက်လာတော့ ကျွန်တော် အရမ်း အိပ်ချင်နေပြီ။ လူတွေ ကြပ်ကြပ်နဲ့ လှဲအိပ်လို့မရတော့ အမေ့ကို ပူဆာမိတယ် ...
“အမေ ... ပြန်ကြပါစို့ ... အိပ်ချင်လှပြီ”
ဇာတ်ပွဲကြိုက်တတ်တဲ့ အမေက မပြန်ချင်သေးလို့ ကျွန်တော့်ကို ချော့ပါတယ် ...
“ခဏလေးပါသားရယ် ... မိုးတောင်လင်းတော့မယ် ... မိုးလင်းရင် ပြန်တာပေါ့ ... အဲဒီတော့မှ သားစိတ်ကြိုက် အိပ်ရမှာပေါ့ ...”
စင်ပေါ်မှာ ပြဇာတ်ကနေတဲ့ သရုပ်ဆောင်တွေကလည်း သူတို့ဇာတ်တိုက်ထားတဲ့အတိုင်း ကပြ သရုပ်ဆောင်နေတုန်း။ ကျွန်တော် အမေ့ကို ထပ်မေးလိုက်တယ် ...
“မိုးက ဘယ်တော့ လင်းမှာလဲ???”
“ဒီပြဇာတ် ဇာတ်သိမ်းရင် လင်းမှာပေါ့ ...”
သူတို့ကနေတဲ့ဇာတ်ဆိုတာ သူတို့ဇာတ်သိမ်းမှ ပြီးမှာပေါ့။ ကျွန်တော်မယုံပါဘူး။ မိုးက တကယ်လင်းပါ့မလား။ ကျွန်တော်ကတော့ အိပ်ချင်လှပါပြီ။ ။

12 comments:

mirror said...

ကြိုက်တယ်ဗျို့...အိုင်ဒီယာရော..တင်ပြပုံရော။

ကေမောင်ငြိမ်း said...

:) ဟုတ်တယ်ဗျို့၊ သိပ်ကောင်းတယ် တိုတိုလေးနဲ့

MANORHARY said...

အင်း...မိုက်တယ်...

မောင်ရှင်းသန့် said...

ဟာာာာာ ငါ့အကိုနဲ့ အိုင်ဒီယာချင်း တူတယ်ပဲပြောရမလား ။

ကျနော်လည်း ပြဇာတ်အကြောင်း အခုလေးတင် တင်ထားလိုက်တယ်ဗျ ။

mgphonemyint said...

ကဲ..ကဲ.....အိပ်ချင်ရင်လဲ အိပ်တော့..
ဒီပြဇတ်က မိုလင်းလဲ ပြီးမှာမဟုတ်ဘူး

မောင်bee said...

ဒီ ပြဇာတ်ကိုကြည့်ဖူးနေသလိုဘဲ ကိုနွေ ရေ

ကိုရင်နော်ခင်လေးငယ် said...

ဒို့များလည်း အိပ်ချင်မူးတူးနဲ့ ဒီပြဇတ်ကို ထိုင်ကြည့်နေကြတာ.. ဇတ်သိမ်းနိုး သိမ်းနိုးနဲ့ ဇတ်သိမ်းကတော့ လှမယ်မထင်..

လွတ်လပ်စွာတွေးတောရင်း..

Anonymous said...

ဘ၀ရဲ့ ဇတ်ခုံဆိုတာ ဒီလိုပဲ ညီမလေးရယ်....

GreenGirl said...

ရေးချက်ကတော့ ထိထိမိမိပဲး)

နှင်းပွင့်ဖြူ said...

ဇာတ်ပွဲက မိုးလင်းမှပြီးမှာလားး.... အမေ့ကျောပေါ်မှာအိပ် ..

winlatt said...

ိပြဇာတ်ကနေတာ
ပွဲကြည့်ပရိတ်သတ်ရှိလို့
ပရိတ်သတ်တွေထပြန်ကြည့်ပါလား
ဇာတ်သိမ်းလိုက်မှာ..။
ခက်တာက ပရိတ်သတ်ကိုက ထမပြန်နိုင်သေးတာဘဲ။
စင်ပေါ်ကလှည့်စားနေတဲ့
လုပ်ဇာတ်တွေကိုမှကြည့်ချင်နေတဲ့ပရိတ်သတ် ရှိနေသ၍
ပြဇာတ်ကမှာဘဲ...။
အိပ်ရေးပျက်တဲ့ဘူတွေ များနေပါပြီလေ....။

Pinkgold said...

မိုးလင်းရင်ကော ပြဇတ်က တစ်ကယ်သိမ်းမှာလား..

ကြိုက်တယ်ရှင်