Monday, December 8, 2008

ငါ့သားများစစ်ထဲဝင်ရင်လေ

‘ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင် တကယ့် ယောက်ျားမြတ် ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့’

စစ်သည်တော်ဟောင်းတစ်ဦး
ဧည့်ခန်းမှာ ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ ရေးသားချိတ်ဆွဲထားတဲ့ စာသားတွေကို မော့ဖတ်ရင်း စစ်သည်တော်ဟောင်းကြီး အမြဲ ဂုဏ်ယူနေကျပေါ့။ လူ့ဘ၀တုန်းက သူရေးခဲ့တဲ့ ဒီစာသားလေးတွေဟာ တမလွန်ဘုံက သူ့အိမ်အတွက် ဂုဏ်တက်စေတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။
“စာ ဗျို့ ...စာ”
အိမ်ရှေ့ထွက်ပြီး စာပို့သမားဆီက စာကို ယူလိုက်တယ်။
“သြော်... လူ့ဘုံမှာ ရှိသေးတဲ့ ငါ့မြေးဆီက စာပါလား၊ ဒီကောင်က စာရေးရမှာ တကယ်ပျင်းတဲ့ကောင်ပါ၊ ခုမှ ဘာအရေးကြီးလို့ ရေးလိုက်လဲ မသိဘူး”
ဧည့်ခန်းက ထိုင်ခုံမှာထိုင်ရင်း စာအိတ်ကို ဖောက်လိုက်တယ်။
‘အဘိုး.....
ဒီစာကို စိတ်မကောင်းစွာနဲ့ပဲ ရေးလိုက်ပါတယ်။ အကြောင်းက အဘိုးရေးခဲ့တဲ့ စာသားတွေဟာ ကျွန်တော်တို့ခေတ်မှာ အပြည့်အ၀ မမှန်နိုင်တော့ပါဘူး။ အဲဒါကြောင့် အဘိုးမြေး ကျွန်တော်လည်း စစ်ထဲမ၀င်ဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့စစ်တပ်ဟာ အဘိုးတို့ ခေတ်က စစ်တပ်လို မဟုတ်တော့လို့ပါပဲ။ အဘိုးလို စစ်ထဲမ၀င်ခဲ့ပေမယ့် အဘိုးလို ဂန္တ၀င်မြောက်တဲ့ စာသားလေးကို ရေးပြီး အဘိုးခြေရာနင်းနိုင်အောင် ကျွန်တော် ကြိုးစားလိုက်ပါတယ်။ တစ်နည်းပြောရရင် အဘိုးရေးခဲ့တဲ့ စာသားကို မြေးက ခေတ်နဲ့ညီအောင် ပြုပြင်ပေးလိုက်ပါတယ်။ ဒီလိုလေ...
ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အာဏာရူးလူတစ်စုခိုင်းတိုင်း မစဉ်းစားမဆင်ခြင်ပဲ လိုက်လုပ်နေရင် တကယ့်ပြည်သူ့သစ္စာဖောက် ဖြစ်စေနိုင်တဲ့ မတရားမှုတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့။’
စာဖတ်ပြီး စစ်သည်တော်ဟောင်းကြီး တွေဝေသွားတယ်။ သူ့ဧည့်ခန်းက ရွှေရောင်စာသားတွေကို ဒီအတိုင်းထားလိုက်ရ ကောင်းမလား၊ သူ့မြေးပြောသလို ခေတ်နဲ့ညီအောင် ပြင်လိုက်ရ ကောင်းမလားလို့ စဉ်းစားရင်း။ ။

6 comments:

တက်လူငယ် said...

အတွေးနဲ့ အရေးအသား ကောင်းချက်ကတော့ဗျာ။ ဘာမှထောက်ပြစရာကို မလိုဘူး။

မင်းခစားရဲ့အကြောင်း.... said...

ကောင်းတယ်ထောက်ခံတယ် ဒါပေမဲ့တင်ထားတဲ့ပုံက လုံထိန်းတွေ အဲဒါစစ်တပ်မဟုတ်ဘူး ၀န်ကြီးများရုံးဟောင်းမှာအခုထိနေကြတုံးဗျ
အရူးတွေ(ပုဂံသားမောင်)

GreenGirl said...

:(

flowerworld said...

ဟဟားမိုက်တယ်ဗျာ

ကေဇီလင်း said...

အရေးအသားက သိပ်ထိမိတယ်။

Anonymous said...

ဟီ..... ဟုတ်တယ်နော်