Friday, November 28, 2008

အသံတစုံတရာ

ဆောင်းဦးညတွေဟာ
ဟိုအရင်နှစ်တွေအတိုင်းပဲ
အလွမ်းဖွဲ့သံစဉ်တွေကို
ရှိုက်ငိုသီဆိုရင်း
ပြတင်းပေါက်ကို လာခေါက်နေကြပြီ။
ကြားခွင့်မရှိတော့တဲ့
အသံတစုံတရာများ
နှင်းစက်တွေကြားမှာ ပုန်းခိုနေတာလား။
မဖြစ်နိုင်ပါဘူးလေ...
အသံတစုံတရာဟာ
ဘယ်တုန်းကများ ရှိုက်ငိုဖူးလို့လဲ ...
ငါသာ... အကြိမ်ကြိမ်အခါခါ
ကြေကွဲပြခဲ့ဖူးတာ ...
ငါပါ ......။
ဘာပဲဖြစ်ဖြစ်
ပြတင်းပေါက်ကိုဖွင့်လိုက်တယ်
ပြီးတော့ အလွမ်းတွေနဲ့အတူ
ငါ ကခုန်ပစ်လိုက်တယ်။
ဆောင်း ... ည .... တွေ
အရည်ဖျော်ပစ်တာတောင်
ပူလောင်ပြင်းပြတုန်း....။
အသံတစုံတရာရေ.....။
ဟယ်လို ... ကြားရလား
အသံတစုံတရာရေ.........။
ပြန်လာခဲ့ပါ
ဟိုး ......... အတိတ်တွေထဲကနေ
..... ပြန်လာခဲ့ပါ။
အရင်လို တိတ်ဆိတ်နေတဲ့အခါ...
ငါ့ သက်ပြင်းချသံ တိုးတိုးလေး
နင်ပြန်ကြားယောင်တဲ့အခါ...။ ။


9 comments:

Welcome said...

ဆောင်းညနဲ့အတူ သက်ပြင်းရှည်လေး ချသွား မိပါတယ်။ ကဗျာကောင်းလေးကို လာခံစား သွားပါတယ်။

http://winzaw-mdy.blogspot.com

အိပ်မက်နိဒါန်း said...

ဟိုး ......... အတိတ်တွေထဲကနေ
..... ပြန်လာခဲ့ပါ။
အရင်လို တိတ်ဆိတ်နေတဲ့အခါ...
ငါ့ သက်ပြင်းချသံ တိုးတိုးလေး
နင်ပြန်ကြားယောင်တဲ့အခါ...။ ။

အကြိုက်ဆုံးဘဲ....အပြောင်းအလဲလေးကိုလဲ နှစ်သတ်မိပါတယ်...

Anonymous said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ ပြောစရာဆိုလို့ နားမလည်တာလေးတခုပဲရှိတယ်...... ဟီဟီ
တကယ်ကောင်းတယ်ဗျ စကားလုံးတွေက အရမ်းလန်းတယ်ဗျ

Phyu said...

အရမ်းကောင်းပြီး ခံစားချက်တွေနဲ့ ပြည့်နေတဲ့ ကဗျာလေးပါပဲ.. ခံစားသွားပါတယ်

အရုပ်ကလေး said...

အသံတစုံတရာဟာ
ဘယ်တုန်းကများ ရှိုက်ငိုဖူးလို့လဲ ...
ငါသာ... အကြိမ်ကြိမ်အခါခါ
ကြေကွဲပြခဲ့ဖူးတာ ...
ငါပါ ......။

ဆောင်း ... ည .... တွေ
အရည်ဖျော်ပစ်တာတောင်
ပူလောင်ပြင်းပြတုန်း....။

စတဲ့ အပိုဒ်က စာသားလေးတွေကို နှစ်သက်မိတယ်
အပြောင်းအလွှဲ တစ်ခုဖြစ်ချင်တဲ့ ဆန္ဒနဲ့ ကဗျာရေးဖွဲ့
တင်ပြတာ ကျေးဇူးပါခင်ဗျာ.. ကဗျာဝါသနာပါသူမို့
ကဗျာတစ်ပုဒ်ဖတ်ရရင်ပဲ ကြည်နူးနေတတ်တယ်
ဆောင်းတွင်းကာလဦးမို့ ဆောင်းနဲ့ ပတ်သက်တာလေး
ဖတ်ရတော့ ကဗျာလေးက ပိုပြည့်စုံသွားတယ်

ကဗျာလေး ကောင်းတယ်
ဆက်လက် ရေးဖွဲ့နိုင်ပါစေ

Younggun said...

ဟိုး ......... အတိတ်တွေထဲကနေ
..... ပြန်လာခဲ့ပါ။
အရင်လို တိတ်ဆိတ်နေတဲ့အခါ...
ငါ့ သက်ပြင်းချသံ တိုးတိုးလေး
နင်ပြန်ကြားယောင်တဲ့အခါ...။ ဒီအပိုဒ်လေးကိုတော့ အကြိုက်ဆုံးပါပဲဗျာ။ Ten Things I Hate About Myself ကတော့ ရယ်စရာလေးလို့ ထင်ပါတယ်။

မီးတောက် said...

ကဗျာကောင်းတစ်ပုဒ်ပါ.........
အနှစ်သာရ တဲ့အတွက်ကျေးဇူးတင်ပါတယ်........
အပြောင်းအလဲလေးက လူကိုနှစ်သက်စေပါတယ်
ဆက်လက်ရေးသားနိုင်ပါစေ

thinzar said...

အသံတစုံတရာဟာ
ဘယ်တုန်းကများ ရှိုက်ငိုဖူးလို့လဲ ...
ငါသာ... အကြိမ်ကြိမ်အခါခါ
ကြေကွဲပြခဲ့ဖူးတာ ...
ငါပါ ......။

အဲဒီနေရာလေး အကြိုက်ဆုံးပဲ။
တကယ်ကို အပြောင်းအလဲလေးပါ
ကောင်းပါတယ်။

pethein said...

ကဗျာလေးကောင်းတယ်ဗျာ
ပထမတစ်ခေါက်ရောက်ကတည်းဖတ်ပြီး မန့်မရလို့ စီဘောက်မှာပဲရေးခဲ့ရတယ်
အခုနက်ကောင်းလို့ မန့်ခဲ့တယ် အားပေးနေမယ်