Friday, November 21, 2008

ဧရာဝတီညများ

ကျွန်တော်ကြားဖူးတာပါ။ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ မမြင်ခဲ့ရပေမယ့် အစ်ကိုတော် နောင်တော်များ ပြောပြကြလို့ သိရတဲ့ အကြောင်းလေးပါ။
ရှစ်ဆယ့်ရှစ်တုန်းက ဆန္ဒပြကျောင်းသားတွေ ပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ဖြိုခွင်းပြီး သေတဲ့အလောင်းတွေကို ညတွေမှာ ဧရာဝတီမြစ်ထဲ ပစ်ချမျှောခဲ့သတဲ့။
အဲဒီအချိန်က ငယ်သေးလို့ သေချာမသိခဲ့ပေမယ့် အခုချိန်မှာတော့ ကျွန်တော် ခံစားတတ်ပြီ။ နာကြည်းတတ်ပါပြီ။ စစ်အစိုးရရဲ့ ရက်စက်မှုကိုလည်း မျက်ဝါးထင်ထင် မြင်ခဲ့ဖူးပြီ။ ထားလိုက်ပါတော့...။
ကျွန်တော်ပြောချင်တာက ဆရာမြင့်မိုးအောင်ရေးပြီး ကိုလေးဖြူဆိုခဲ့တဲ့ ဧရာဝတီညများ သီချင်းအကြောင်းပါ။ ဇာတ်ဝင်သီချင်းမို့ ဇာတ်ကားနဲ့လိုက်ဖက်အောင် ရေးသားသီဆိုထားတယ်ဆိုပေမယ့် ကျွန်တော် နားထောင်လိုက်ရတဲ့ အချိန်မှာတော့ ဒီထက်မက ပိုခံစားမိပါတယ်။
ဧရာဝတီညများကို နားထောင်ရင်း အပေါ်မှာရေးခဲ့သလို ကျွန်တော်ကြားဖူးထားတဲ့ အကြောင်းတွေ မြင်ယောင်လာမိတယ်။ ကိုလေးဖြူရဲ့ နာနာကြည်းကြည်း ကြေကြေကွဲကွဲနဲ့ ဆိုလိုက်တဲ့ အသံတွေကိုက တကယ့်ဖြစ်ရပ်တွေကို ပြန်ပြောပြနေတဲ့ အတိုင်းပဲ။ ပြီးတော့ သီချင်းသံကြားက သေနတ်သံတွေ၊ ကိုလွင်မိုးရဲ့ ငိုသံတွေက ကျွန်တော့် ခံစားချက်ကို ပိုမြင့်သွားစေတယ်။
ဧရာဝတီဟာ တကယ်ပဲ နာကျင်စွာ ညည်းတွားခဲ့တာလား? ယုံကြည်မျှော်လင့်ခြင်း၊ အနာခံပေးဆပ်ခြင်း။ ကျွန်တော်တို့ရဲ့ နောင်တော် သူရဲကောင်းတွေ အနာခံ ပေးဆပ်ခဲ့ကြတယ်။ အတိတ်တွေ မပျောက်ကွယ်ပါ၊ အသက်ရှင် မြစ်ရေလိုစီး .... ။
ကဲ ... မိတ်ဆွေတို့ရော ... ကျွန်တော့လို ခံစားလို့ရသလား? သီချင်းလေးကို နားထောင်ကြည့်လိုက်ပါဦး။ ။


Discover undefined!


ဒီမှာလည်း download လုပ်လို့ရပါတယ်။RECO0001.MP3

6 comments:

Anonymous said...

i think it wasn't a gun-shot sound
i reckon it was oar-winging voices
i don't know why the other guy's weeping
SO WEIRD!

ဒူကဘာ said...

စာရေးထားတာ ကပျက်ရပျက် နိုင်လွန်းတယ် အသက်တွေနဲ့ ရင်းထားတဲ့ စနစ်တခု တွန်းလှန်တာကို ဟုတ်ချင်လဲ ဟုတ်မယ် ကြာဖူး တာပါဆိုတော့ နားမလည်နိုင်အောင် ဖြစ်ရတယ်၊ မသိယင် စာဖတ်နာ ရတယ်တဲ့ ရမ်းမရေးနဲ့ ၁၉၈၈ ဆိုတာ ပုံပြင် မဟုတ်ဖူး၊ သမိုင်း ....လတ်တလောကိုပဲကြည့် ဘယ်သူတွေ ၆၅နှစ် ကျသွားသလဲ၊ အမှားပြင်ပေးတာ လို့ ယူဆစေချင်ပါတယ်၊ ကွန်မန့်လာပွတ်တာ မဟုတ်ပါ။

Han Thit Nyeim said...

သီချင်းလေး ကောင်းတယ်ဗျာ...

(ဆက်နေဝန်း) said...

နွေဆူးရေ..

ွှဧရာဝတီလို့ ကြားလိုက်တိုင်း
ရင်မှာ တစ်မျိုးဖြစ်ဖြစ်သွားတတ်သူပါ..
ရင်မှာကြီးကျယ်တဲ့ ခံစားမှုတွေနဲ့
ဧရာဝတီကို ခာံးတတ်သူမို့....
သီချင်းလေးကို သဘောကျသွားတယ်..
ကျေးဇူး...

ရွှေရည်

Anonymous said...

ကိုကာပြောမှပဲသိတယ်။ဟုတ်မှာပေါ့။

RePublic said...

ဒေါင်းလုပ်ယူသွားတယ်ဗျာ ၊၊