Wednesday, November 19, 2008

ကလေးစစ်သားများရှိရခြင်းအကြောင်း

နအဖအစိုးရက မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ မရှိပါဘူးလို့ ဗြောင်လိမ်နေပေမယ့် တော်တော်များများ တွေ့နေမြင်နေကြရတာ အားလုံးအသိပါ။ လေ့ကျင့်ရေးတပ်တွေမှာ ပိုပြီးတွေ့နိုင်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေကို ကြိုက်တဲ့အချိန်သွားမေးကြည့်၊ မင်းအသက်ဘယ်လောက်ရှိပြီလဲဆိုရင် (၁၈) နှစ်လို့ပဲ ဖြေလိမ့်မယ်။
ကြားဖူးတဲ့ စစ်ချီသီချင်းတစ်ပုဒ်ရှိတယ်။ ‘‘မင်းရဲကျော်စွာ တပင်ရွှေထီးပုံတည်’’ ဆိုတဲ့ သီချင်းပါ။ အင်းဝဘုရင်မင်းခေါင်ရဲ့ သားတော် မင်းရဲကျော်စွာဟာ ရခိုင်ကို စစ်ချီတုန်းက သက်တော် (၁၃)နှစ်ပဲ ရှိသေးတယ်။ မွန်ဘုရင် ရာဇဓိရာဇ်နဲ့တိုက်တော့ သက်တော်(၁၇)နှစ်ပဲ ရှိပါသေးတယ်။
အဲဒီလိုပဲ တပင်ရွှေထီးဟာလည်း သက်တော်(၁၇)နှစ် အရွယ်မှာ ရန်သူ့နယ်မြေဖြစ်တဲ့ ရွှေမော်ဓေါဘုရားပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ နားထွင်းတော်မူခဲ့တယ်။
ပြောရရင်တော့ စစ်ချီသီချင်းမှာပါတဲ့ မင်းရဲကျော်စွာနဲ့ တပင်ရွှေထီးတို့ဟာ အသက်(၁၈)နှစ် မပြည့်ခင်မှာပဲ သူတို့ရဲ့ စွမ်းရည်သတ္တိကို အပြည့်အ၀ တွေ့မြင်ကြရပါတယ်။
ကဲ ... နအဖစစ်တပ်မှာ ကလေးစစ်သားတွေရှိနေတာကို မပြောကြပါနဲ့။ တွေ့ခဲ့မြင်ခဲ့ရင်လည်း ‘‘မင်းရဲကျော်စွာ တပင်ရွှေထီးပုံတည် ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့သည်’’ ဆိုပြီး အကျယ်ကြီး သီချင်းအော်ဆိုလိုက်ကြပါတော့ခင်ဗျား။ ။

(ပုံလေးက Google Image Search ကနေ ရှာထားတာပါ။)

5 comments:

မဆုမွန် said...

စစ်လေ့ကျင့်ရေးကွင်းထဲမှာ စစ်ခွေးတွေနဲ့လေ့ကျင့်ရင်း ထပြေးလို့ ခေါင်းဖောက်ခွဲခံလိုက်ရတဲ့ ကလေးတွေရှိဖူးတယ်...ဒါတွေဟာ လက်မထိပ်ကို သံရိုက်ထည့်တဲ့ သမိုင်းတွေတော့ မဟုတ်ခဲ့ဘူး
ဘာပဲဖြစ်ဖြစ် ကလေးဟာ အပြစ်ကင်းတယ်

Canada Myanmar Group said...

စစ်တပ် ရဲ့ ညစ်ပတ် တဲ့ အကျင့် တွေကတော့ 
ပြောမကုန်တဲ့ ဒေါ ပုံ က ရာဇ၀င်တွေလိုပါပဲဗျာ

ဒူကဘာ said...

ကျနော် အားနာပါတယ် ကိုနွေဆူး မအားလို့ဗျာ ! ကွန်မန့်လာပွတ်ပါတယ်၊ မိတ်ဆွေရင်းတွေလို့ သပ်မှတ်ပါ ခဏခဏ လာဖြစ်အောင် ကြိုးစားပါ့မယ်၊ စစ်တပ်ရဲ့ သိမ်ဖျင်းပုံတော့ မသက်ဇင် အားကိုးနဲ့ ဖတ်လို့ရယင် ပုဂံကျိန်စာတွေလို ဘဝပေါင်းများစွာ ဒီလူတွေကို ကျိန်စာ တိုက်လိုက်ချင်တော့ တာပါပဲ ... ဗျာ။ လေးစားစွာဖြင့် ......

Anonymous said...

မပြောခြင်တော့ပါဘူးဗျာ။ ဘယ်လိုပဲသူတို့ပြောပြော
ကျနော့်ညတ၀မ်းကွဲ လုံးဝသက်သေခံပါပဲ။
သူဆို ၁၀နှစ်ပဲရှိသေးတယ် တပ်ထဲရောက်သွားတာပါ

နွေးနွေး said...

စစ်တပ်အနီးအနားမှာ ကမ္ဘာလှည့်ခရီးသည် လိုမျိုး နိုင်ငံခြားသားဧည့်သည်လာရင် တပ်ထဲက ကလေးစစ်သားတွေ အပြင်မထွက်ရဘူး လို့ ညီစစ်ဗိုလ် တယောက်ကပြောတယ်။ရန်ကုန်ဘူတာကြီး၊သိရိမင်္ဂလာ ဈေးနဲ့၊မင်္ဂလာဒုံဈေးတွေဟာ..ကလေးစစ်သားဓမ္မစုဆောင်းတဲ့ နေရာတွေပေါ့...ပတ်ဝန်းကျင်မှာ မြင်ခဲ့ဖူးတော့ သိတယ်လေ...စစ်ဗိုလ်တွေဟာလည်း တပ်သားသစ် စုပေးနိုင်မှ ရာထူးတက်သတဲ့...