Monday, November 17, 2008

အကြောက်တရားအားငြင်းဆန်ခြင်း



မှောင်မည်းနေတဲ့ တောနက်ကြီးတစ်ခုထဲမှာ ခရီးသွားတစ်စု လမ်းပျောက်နေကြတယ်။ စမ်းတ၀ါးဝါးနဲ့ ဟိုဘက်သွားရမလို ဒီဘက်သွားရမလိုနဲ့ပဲ ညလည်းနက်ခဲ့ပြီ။
အဲဒီအချိန်မှာပဲ တောမှီရဟန်းတစ်ပါးနဲ့ တွေ့ဆုံကြတယ်။ ခရီးသွားတစ်စု လမ်းပျောက်နေမှန်းသိတဲ့ ရဟန်းက လမ်းညွှန်ပြတယ်။
"ဟိုးမှာ မြင်ရလား ... အလင်းရောင်ပျပျနဲ့ မြင်ရတဲ့မြို့ ဟာ ဒကာတို့သွားမယ့် လမ်းမှန်ရောက်တဲ့ မြို့ ပဲ"
ရဟန်းညွှန်ပြရာကို လှမ်းကြည့်လိုက်တော့ မြူနှင်းမြူခိုးတွေ ပိန်းပိတ်နေလို့ ဘာမှမမြင်ကြရဘူး။
"အရှင်ဘုရား ... မြူခိုးမြူနှင်းတွေနဲ့ ပိတ်နေလို့ အရှင်ဘုရားပြတဲ့ မြို့ ကို မမြင်ကြရပါဘူးဘုရား"
ခရီးသွားတစ်စုလျှောက်တော့ ရဟန်းက မိန့်တယ်.....
"ရဟန်းက အဲဒီပိန်းပိတ်နေတဲ့ မြူခိုးတွေကို ဖောက်ပြီးကြည့်လို့ အလင်းရောင်ရှိတဲ့မြို့ ကို ညွှန်ပြနိုင်တာပါ ... အဲဒီကို ဒကာတို့ရောက်ချင်ရင်တော့ ပိတ်ကာနေတဲ့ မြူခိုးမြူနှင်းတွေကို ရဲရဲဝံ့ဝံ့ ဖောက်ထွက်ကြရလိမ့်မယ် ... ကဲ .. အချိန်တွေလင့်တော့မယ် ... သွားကြပေတော့ ဒကာတို့ ...."
ခရီးသွားတစ်စုလည်း ရဟန်းညွှန်ပြတဲ့လမ်းအတိုင်း အလင်းရောင်ရှိတဲ့မြို့ ကိုရောက်ဖို့ မြူခိုးမြူနှင်းတွေကို ဖယ်ရှားတိုးဝင်ပြီး တရွေ့ ရွေ့  နဲ့ ခရီးဆက်နေကြလေရဲ့ ။
ပိတ်ကာနေတဲ့ မြူခိုးတွေကို ထွင်းဖောက်ကြည့်နိုင်သူတိုင်း အလင်းရောင်တောက်ပတဲ့ မြို့  ပြကို မြင်ကြရမှာပါပဲ။ ။

7 comments:

Welcome said...

၂၀၁၀ပြီးရင်ဖြစ်နိုင်မလား.... မြင်ချင်ပါဘိ အလင်းရောင်တောက်တဲ့ မြို့ပြဆီကို။
ခုတော့ ဖယောင်းတိုင်နဲ့ပဲ နက်တက်နေရပါရဲ့

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

အရုပ်ကလေး said...

ပို့စ်လေး ကောင်းတယ်
အလင်းရောင်ကို ရရှိခံစားပါစေလို့ ...

Anonymous said...

သူငယ်ချင်းရေ ငါတို့အဲဒီအကြောက်တရားတွေကို ဖယ်ထုတ်ရမယ် ငါတို့နိုင်ငံကြီးစစ်ဖိနပ်အောက်က လွတ်မြောက်ဖို့အတွက်ပေါ့

Unknown said...

ပိတ်ကာနေတဲ့ မြူခိုးတွေကို ထွင်းဖောက်ကြည့်နိုင်သူတိုင်း အလင်းရောင်တောက်ပတဲ့ မြို့  ပြကို မြင်ကြရမှာပါပဲ။ ။

ကြိုက်တယ်ဗျို့ ..အဲဒီ အပိုဒ်လေးကိုပေါ့ဗျာ
နောက်ရှိသေးတယ်လေ လမ်းညွန်တဲ့ ရဟန်းကိုလည်း
ယုံကြည်ရအုံးမယ်နော်

Younggun said...

တင်းခံလို့ မရတော့ ငြင်းဆန်ရတော့မှာပေါ့..။ ငြင်းဆန်တော့လည်း မြင်းကန်သလို အကန်ခံရမှာလည်း ရှိသေးဗျ။ ဒါပေသိ.. ပေါ့။ ..။ လာမည်.. မကြာမီပါတဲ့ဗျာ။။။

Han Thit Nyeim said...

အတွေးအရေး ကောင်းတယ်ဗျာ

တက်လူငယ် said...

တော်တော်ကောင်းတဲ့ အရေးနဲ့ အတွေးလေးတွေပါလားဗျာ။ မျှော်လင့်ချက်တွေ မကုန်ခမ်းသရွေ့တော့ ခရီးရောက်နိုင်ပါသေးတယ်။