Friday, November 14, 2008

အားလုံးအတွက်ဆုတောင်း

အာရုံထဲက ရည်မှန်းကာ
ပေးဝေ မေတ္တာ ကရုဏာ
ရူးသွပ် လောဘ ဒေါသမီး
ကင်းဝေးပါစေ ကမ္ဘာမြေကြီး
သန်းပေါင်းများစွာ ရကြစေ
မျှော်လင့်တောင့်တ ငွေနဲ့ရွှေ
သေဆုံးနေတဲ့ အိပ်မက်ကမ္ဘာ
ပြန်ရှင်သန်ဖို့ ကြိုးစားပါ ...
စေလိုရာစေ အိပ်မက်များ
အမြန်ဆုံးနဲ့ ရောက်စေသား။ ။

(အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်လို့ကောင်းအောင် ကလေးကဗျာတွေလို ကာရန်လေးနဲ့ ကြိုးစားရေးထားပါတယ်။ ကျိန်ဆဲချင်ရင်တော့ တစ်ကြောင်း ပြီး တစ်ကြောင်း အစ အဆုံး ဖတ်ကြည့်လိုက်ပါ။)

14 comments:

Welcome said...

ဝေငှတဲ့ မေတ္တာ ဂရုဏာ
တောင့်တတဲ့ ရွှေ ငွေ တွေကို
မ, သွားပါတယ်။
ဒီအတွက်ကြောင့်
ကမ္ဘာမြေကြီးလည်း ငြိမ်းချမ်းပါစေ
လှပတဲ့ အိပ်မက်လည်း ရှင်သန်ပါစေ လို့...
ပြန်ပွားခဲ့ပါတယ်။

http://winzaw-mdy.blogspot.com

winlatt said...

သာဓု...ပါဗျာ...
နွေဆူးလင်္ကာ မေတ္တာဝေတယ်....
အားလုံးကျန်းမာ ချမ်းသာကြပါစေ....

မဆုမွန် said...

ကောင်းသောဆုများ တောင်းတဲ့အတိုင်း အမြန်ပြည်ကြ့ရပါစေ
ငြိမ်းချမ်းသော စစ်မက်ကင်းသော လွတ်လပ်သော တရားမျတသော ကောင်းခြင်းတရားများနဲ့ ပြည့်စုံတဲ့ လူကို လူလိုတန်ဖိုးထားသော တိုင်းပြည်တစ်ခု အမြန်ဆုံးရ ချင်ပါတယ်ရှင်

Unknown said...

ရောက်ချင်ဇော နဲ့ ကြိုးစားဖို့
အတ္တတွေ ကို အရင်ဖယ်စို့
အဲဒါမှလဲ ကမ္ဘာကြီးဟာ
အိပ်မက်များနဲ့ ပျော်ရွင်စွာ
နိုးထလာပေါ့ အာရုဏ်ဦး ။ ။

ဘာရယ်ညာရယ်မဟုတ်ပါဘူး
ရေးထားတာတွေ့တော့ လက်ဆော့မိလိုက်တာပါ ။

strangemask said...

ကောင်းမွန်တဲ့ ကာရန် ကဗျာလေးပါပဲ

Pinkgold said...

အာရုဏ်ဦးမှာ နိုးထလာ
ပေးဝေ မေတ္တာ ဂရုဏာ။
သန်းပေါင်းများစွာ ရကြစေ
မျှော်လင့်တောင့်တ ငွေနဲ့ရွှေ။
စေလိုရာစေ အိပ်မက်များ
အမြန်ဆုံးနဲ့ ရောက်စေသား။ ။

မေတ္တာပို့သွားတယ် အဟီး..

Apprenticeship said...

လူတိုင်းတောင်းသင့်တဲ့ ဆုတောင်းပဲ

နှင်းပွင့်ဖြူ said...

ဟတ်ဟတ်
တယ်မိုက်တဲ့ ကဗျာ

Unknown said...

မဆိုးပါဘူး၊ ပညာသားပါပါလေးဆုတောင်းထားတာ
ဒါပေမဲ့သတိထားဦးနော် ကိုယ်အရင်သေသွားဦးမယ်
ဟားဟား

Han Thit Nyeim said...

မိုက်တယ်ဗျို့...။

Anonymous said...

ဆုတောင်းကဗျာလေးအရမ်းကောင်းတယ်ဗျာ

Anonymous said...

ဂရုဏာ ကို ကရုဏာ လို့ပြင်ပါလား။ ဆရာလုပ်တာနော်။

Anonymous said...

အာရုဏ်ဦး ဆိုတာကို အရုဏ်ဦး လို့ပြင်ပါအုံး။ ဆရာနှစ်ခါလုပ်လိုပ်ရပြီ။

Anonymous said...

ဆောရီး။ ပြင်တဲ့ဆရာမှား သွားတယ်။ "လိုက်"လို့ ရေးချင်တာပါ။