Monday, November 10, 2008

မာလိန်မှူး


ကန်လယ်မှာ လှေတစ်စင်း ရုန်းရင်းဆန်ခပ် ဖြစ်နေတယ် ...
ကလေးတွေ ကစားရင်း မာလိန်မှူး သူလုပ်မယ် ငါလုပ်မယ်နဲ့ ငြင်းခုံ ရန်ဖြစ်နေကြတာပါ...။
ကန်ကလည်းငယ်ပါတယ်၊ လှေကလည်း သေးပါတယ်။
လှေက ကလေးတွေနဲ့တင် ပြည့်ကျပ်နေပြီ။
အဲဒီအချိန်မှာ ရေကူးနေတဲ့ ကလေးစိတ်မကုန်သေးတဲ့ လူကြီးတစ်ယောက် လှေပေါ်တက်လာပါတယ်...။
“ကလေးတွေ ... လှော်တက်ငါ့ကိုပေး ၊ မင်းတို့ မာလိန်မှူး ရွေးလို့ပြီးရင် ပြန်ပေးမယ်... ”
ပြောပြောဆိုဆိုနဲ့ လှော်တက်ကိုအတင်းလုပြီး လှော်နေတော့တယ်။ လူကြီးဆိုတော့လည်း ဘာမှမပြောရဲကြဘူး။
လှေကလေးကဖြင့် သူတက်လိုက်လို့ ရေတွေစိမ့်ဝင်ပြီး တဖြည်းဖြည်းနဲ့ နစ်တော့မယ်။ လူကြီးကတော့ လှော်ကောင်းတုန်း။ ။

7 comments:

ကိုအောင် said...

သူ့ကိုလွတ်လွတ်လပ်လပ် လှော်ခွင့်ပေးလိုက်ပါဗျာ။
သူ ရေထဲနှစ်သွားမှ လှေကလေး ပြန်ဆယ်ကြမယ်
လေ။

Anonymous said...

ဟေဟေ မဟုတ်မှလွဲရော နွေဆူးများလားဗျာ လှေလုသွားတာ

Welcome said...

အကောင်းဆုံး ကွန်မင့်ရေးချင်ခဲ့ပေမယ့် တကယ့် ဆိုလိုရင်းကို ဖော်ယူမရခဲ့ပါဘူး၊ နောက်တစ်ခေါက်ပေါ့။

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

Anonymous said...

လူကြီးဖြစ်တိုင်း ပေးလှော်လိုက်ရမယ်ဆိုတော့ မဟုတ်သေးပါဘူး

winlatt said...
This comment has been removed by the author.
winlatt said...

လူကြီးတွေကို ကြောက်ရမယ်လို့ ပြဌာန်းချက် မကုန်သမျှ ကာလပတ်လုံး...ကလေးတွေဆီက အလုခံနေရမှာဘဲ...။
ကလေးတွေရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတာ ကြာပြီ..။
ငါလူကြီး ငါပြောသလိုလုပ် ဆိုတဲ့ ခေတ်ကို တွန်းလှန်မှ ကလေးတွေလွတ်လပ်ခွင့်ရမယ်...။
လှေပေါ်တက်လာတဲ့ လူကြီးကို ၀ိုင်းတွန်းချဘို့..လှော်တက်မပေးဘို့...လုပ်ချင်တာ ပေးမလုပ်ဘို့ အဲဒီကလေးတွေကို နွေဆူး ကူညီပြောပြလိုက်ပါ...။

လူလ said...

မင်္ဂလာပါ ကိုနွေဆူး

လှော်တဲ့ လူကြီးက လှေဝမ်းထဲမှာ ရေမပစ်ထုတ်ချင်တဲ့ ဆန္ဒက တကယ့် ပြသာနာ။ လူကြီးကို ရေထုတ်ခိုင်းကြည့်ပါလား၊ ဒီလှေကို မစီးတော့ဘူးလို့ အော်ပြီး ရေထဲ ခုန်ဆင်းသွားမယ်လေ
ဒီလောက်ပဲ မြင်တတ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...