Friday, November 7, 2008

မိုးကိုမျှော်တဲ့လူငယ်တွေ

လိမ်ဆင်ကြီးမှန်းသိရက်နဲ့တော့
ဘ၀ကိုပုံလောင်းရလောက်အောင်ထိ
ငါတို့တွေမိုက်ရူးရဲမဆန်ဘူး။

ဒီလိုနဲ့ပဲ ...
အချိန်တွေအကြာကြီး
ငါတို့တွေမှောင်ခဲ့ရဖူးပြီ။

တွင်းဆုံးကျနေတဲ့
ဘ၀တွေအားလုံးအတွက်
ထွက်ပေါက်တစ်ခုကို
ကူရှာပေးရုံလေးပါ။

မိုးခေါင်နေတာကို
လွန်ဆွဲနေရုံနဲ့တော့
မရွာနိုင်မှန်း သိခဲ့ကြပြီ။

ထောင်ချောက်တွေကြားမှာ
ကိုယ့်အမှန်တရားနဲ့ကိုယ်
ပျော်မွေ့ရှင်သန်နေကြတဲ့
လူငယ်တွေလေ ...
အားမတန်ပေမယ့်
ဘယ်တော့မှ မာန်မလျှော့ဘူး။ ။

12 comments:

Unknown said...

အားမတန်ပေမယ့်
ဘယ်တော့မှ မာန်မလျှော့ဘူး။ ။

ဟုတ်တယ်ဗျို့
ဘယ်တော့မှာ လက်နက်မချဘူး

ဒူကဘာ said...

လူငယ်တွေရဲ့ ဘဝ အပ်ချမတ်ချ ဖြစ်အောင် ဖွဲ့နိုင်စွမ်းသူပေပဲ ....နွေဆူး

Welcome said...

လူငယ်တွေရဲ့ အားမာန်ကို တက်ကြွစေမယ့် ကဗျာကောင်းလေးကို ဖတ်သွားပါတယ်။

အမြဲအားပေးလျက်ပါညီငယ်
http://winzaw-mdy.blogspot.com

December Cinderella said...

မိုးကိုမျှော်တဲ့ လူငယ်တွေအတွက်
မနက်ဖြန်တွေဟာ ...
မိုးရွာဖို့ မသေချာသေးပေမဲ့
ငါတို့ရင်ဘတ်တွေထဲမှာ
ရေရာတဲ့ တိမ်တိုက်တွေရှိတယ် ...
ဘယ်သူပြောမလဲ
ဗေဒင်ဟောစာတမ်းမလိုပါဘူး ..
ကမ်းလင့်ခဲ့လက်တွေ
အမြဲခိုင်မြဲနေဖို့ပဲလိုတာပါ ...

အိုင်လွယ်ပန် said...

ကဗျာလေးကောင်းတယ်ဗျ....
ခေါင်းစဉ်လေးကလှတယ်......

ဟန်လင်းထွန်း said...

ကဗျာကို ဖတ်ရတာ အားရှိတယ်ဗျာ

su wai said...

ကဗျာလေး ကြိုက်တယ် နွေဆူးရေ…

ထောင်ချောက်တွေကြားမှာ
ကိုယ့်အမှန်တရားနဲ့ကိုယ်
ပျော်မွေ့ရှင်သန်နေကြတဲ့
လူငယ်တွေလေ ...
အားမတန်ပေမယ့်
ဘယ်တော့မှ မာန်မလျှော့ဘူး။ ။

အဲဒါ အမှန်ပဲ…အားမတန်မှန်း သိပေမယ့် မာန်တော့ လျှော့လို့ မဖြစ်ဘူး။

ကိုအောင် said...

မာန်မလျှော့တဲ့ စိတ်ဓါတ်ကို လေးစားပါတယ်။

လင်းဦး(စိတ်ပညာ) said...

ထောင်ချောက်တွေကြားမှာ
ကိုယ့်အမှန်တရားနဲ့ကိုယ်
ပျော်မွေ့ရှင်သန်နေကြတဲ့
လူငယ်တွေလေ ...
အားမတန်ပေမယ့်
ဘယ်တော့မှ မာန်မလျှော့ဘူး။ ။

အားမာန်နဲ့ ကဗျာတစ်ပုဒ်ပဲ.. ကောင်းပါ၏

ဇင်ယော် said...

လူငယ်တွေအတွက် ခွန်အားဖြစ်စေမယ့် ကဗျာတစ်ပုဒ်ပဲဗျို.။ မိုးကိုမျှော်နေတဲ့ လူငယ်တွေရဲ့မာန် အားမတန်ရင်တောင် ဘယ်တော့မှ မလျှော့ဘူး။

winlatt said...

ကြိုက်တယ်...မျှဝေလိုက်ချင်တယ်....

ငှက်ငယ်လေး said...

အားမတန်ပေမယ့်
ဘယ်တော့မှ မာန်မလျှော့ဘူး။ ။

အရမ်းကောင်းတဲ့စာသားလေးပါပဲ