Tuesday, November 4, 2008

မြစ်ကျိုးအင်း


ကျွန်တော်တစ်ယောက်တည်း ခရီးထွက်ခဲ့တုန်းက ကျွန်တော့်လိုပဲ အထီးကျန်လှတဲ့ မြစ်ကျိုးအင်းကြီး တစ်ခုနဲ့ တွေ့ခဲ့တယ်။ ကျွန်တော် စကားသွားပြော ကြည့်တော့ ကြေကြေကွဲကွဲနဲ့ ကျွန်တော့်ကို ရင်ဖွင့်နေလေရဲ့ .....
" ကွေ့ကောက်ကြတုန်းက အတူတူကွေ့ကောက်ခဲ့ကြပြီးတော့ အခုမှ သူတို့က ဖြောင့်ချင်ယောင်ဆောင်ပြီး ကျွန်တော့်ကို ထားသွားကြတယ်ဗျာ ...."
မြစ်ကျိုးအင်းကြီးခမျာ ငေးငေးမှိုင်မှိုင်နဲ့ သနားစရာကြီးကို ဖြစ်လို့။ ။

7 comments:

Han Thit Nyeim said...

မိုက်တယ်ဗျာ

Welcome said...

လူ့သဘော လူ့မနော ပေါင်းကြည့်မှ သိ ဆိုတာ ပေါ့သယ်ချင်းရေ၊ မြစ်ကျိုးအင်းတင် မဟုတ်ပါဘူး ပင်လယ်ကြီးပါ စကားပြောတတ်ရင် ဒီလိုပဲ ပြောပြအုန်းမှာပါ . . .

http://winzaw-mdy.blogspot.com

ကိုအောင် said...

အဲဒါပေါ့ဗျာ မုန့်ဝေတုန်းက အတူတူ တုတ်ဝေတော့
မှ မသိချင်ယောင်ဆောင်ကြတာ။

thinzar said...

ကောင်းလိုက်တဲ့ အတွေးလေး...

မဆုမွန် said...

ကောင်းလိုက်တဲ့ စာသားလေးပါလား...
ရင်ကို တည့်တည့် ထိမှန်စေတဲ့ စာလေးပါ

ဖြိုးငယ် said...

မှန်လိုက်တာဗျာ ..

နွေးနွေး said...

ခံစားတတ်ပြီး ရေးတတ်တယ်ဗျာ။ဟုတ်တယ်ဗျ..ကောက်တုန်းက အတူကောက်ခဲ့ကြပြီးတော့