Thursday, October 23, 2008

ဇာတ်လမ်းအတု


အဝေးကြီးသွားပြောစမ်းပါ...
ဘေးရန်ဆီးကာ .. တဲ့
ကျုပ်တို့ကို ထိုးကျွေးပြီး
ခင်ဗျားက ကင်း လုပ်တယ်။

ဘာမှပြန်မပြောချင်တော့ ...။
ခေါင်းမရှိတဲ့ လူဟာ
နားရှိဖို့လည်း မသေချာဘူးလေ...။

ဒါနဲ့ လူကော ဟုတ်ရဲ့လား?
အဲဒါလည်း မသေချာဘူး
သူ့မှာ နှလုံးသားမှ မရှိတာ...။

ဘာမှ မစဉ်းစားတတ်တဲ့
ခင်ဗျားအတွက်တော့ လွယ်တယ်
ကျုပ်တို့မှာသာ ...
နာရီတွေထဲ .. ကျွမ်းထိုးမှောက်ခုံ။ ။

6 comments:

Apprenticeship said...

ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်
နွေဆူးတော့ ခေါင်းရှိပါတယ်နော် :P

lovelessguiter said...

ကောင်းတယ်ဗျို့...
ခေါင်းမရှိတဲ့ လူဟာ
နားရှိဖို့လည်း မသေချာဘူးလေ...။
ဟုတ်ပ ဟုတ်ပ.. ဟာဟ

thinzar said...

ကျုပ်တို့ကို ထိုးကျွေးပြီး
ခင်ဗျားက ကင်း လုပ်တယ်။

ကောင်းလိုက်တဲ့ နှိုင်းဆိုချက်...

Chaos said...

ကဗျာလေးက အသက်ဝင်တယ်။
ခေါင်းရှိတယ် ဦးနှောက်မရှိတာဖြစ်မယ်။
နားတော့ရှိတယ်။ မကြားချင်ယောင်ဆောင်နေတာလဲ ဖြစ်နိုင်တာပဲ။
ကဗျာလေးကောင်းတယ်

ပျံသန်းခြင်းရပ်ဝန်း said...

ဇာတ်လမ်းအတုကကောင်းတယ်ဗျာ...။

Pinkgold said...

:)