Sunday, October 12, 2008

တပည့်မကောင်းဆရာ့ခေါင်း

တဆင့်စကားတဆင့်နားနဲ့ ကြားသိရတဲ့ဖြစ်ရပ်မှန်လေးပါ။
တခါက မန္တလေးနည်းပညာတက္ကသိုလ်က ၀ါရင့်ဆရာကြီးတစ်ယောက် DSTA လို့ခေါ်တဲ့ တပ်မတော်နည်းပညာတက္ကသိုလ်ကို တာဝန်ကျလို့ပြောင်းသွားရသတဲ့။ ဒီလိုနဲ့သင်ရင်းပြရင်း စာမေးပွဲတွေပြီးရောဆိုပါတော့။ အဲဒီမှာ ဆရာကြီးစစ်ရတဲ့အဖြေလွှာတွေက အောင်မှတ်ရတာ တစ်ယောက်မှမရှိဘူးဆိုပဲ။ ဆရာကြီးကလည်းဝါရင့်ဆိုတော့ ဘာရမလဲ အကုန်ချပစ်တာပေါ့။ တော်လိုက်တဲ့ DSTA ကျောင်းသားတွေနော်။
အဲဒီအကြောင်း ကျောင်းအုပ်ကြီးကြားသွားတော့ ဆရာ့ကိုခေါ်ပြောသတဲ့။ ကျောင်းသားတွေစာမေးပွဲကျတဲ့ ကိစ္စမှာ အကြောင်းရင်းနှစ်ခုရှိတယ်တဲ့၊ တစ်ခုက ကျောင်းသားတွေညံ့လို့၊ နောက်တစ်ခုက သင်တဲ့ဆရာညံ့လို့၊ DSTA ကျောင်းသားတွေကတော့ selection ရွေးထားလို့ ညံ့စရာအကြောင်းမရှိဘူးဆိုပဲ။ ဒါနဲ့ ၀ါရင့်ဆရာကြီးလည်း စိတ်ညစ်ညစ်နဲ့ ကျောင်းက ထွက်စာတင်ခဲ့သတဲ့ဗျာ။
တော်လိုက်တဲ့ DSTA ကျောင်းသားတွေနော်။ MTU က တကယ့် ၀ါရင့်ဆရာကြီး စိတ်ညစ်သွားအောင်ကို တော်ကြပုံများပြောပါတယ် .... တကယ်။ ။

21 comments:

ဒူကဘာ said...

အေးဗျာ စာမတတ်တဲ့ ကောင်တွေတက် အုပ်ချုပ်တော့ ပညာရှင်တွေ ဆုံးရှုံးရတယ်။

Unknown said...

ကျွန်တော်သိသလောက်တော့ DSTA ကပါ/ချုပ်က
YIT မှာ Civil Roll-1 နဲ့ကျောင်းပြီးခဲ့တာဗျ။
တံတားဆောက်လုပ်ရေးမှာဘယ်လောက်တော်တဲ့
အင်ဂျင်နီယာလဲဆိုတာ တစ်နိုင်ငံလုံးသိတယ်။ ဆရာတွေလား။
DSTA ကဆရာတွေလည်းတော်တာပဲဗျ။ extension
နဲ့ရောက်လာတဲ့ဆရာကြီးတွေဆိုမြန်မာပြည်မှာဘယ်လိုလူ
တွေဖြစ်ခဲ့လည်း မေးကြည့်ရင်သိနိုင်တယ်ဗျ။ ကျောင်းသားတွေလား။ ကျောင်းသားကအများကြီးဗျ။
တစ်ယောက်ဖြစ်တဲ့ကိစ္စကို အကုန်ခြုံပြောလို့ရလို့လား။
ကိုယ့်စိတ်နဲ့ကိုယ်တောင်အမျိုးမျိုးပြောင်းနေတာဗျာ။
ဒီတော့ကျွန်တော်စဉ်းစားပါတယ်။ ဖြစ်နိုင်ခြေရှိတာ
သတင်းမှားပဲဖြစ်လိမ့်မပေါ့။ နေပါဦးဗျာ။ စကားမစပ်
ခင်ဗျားတို့ကဘာတွေတုန်း။ အင်ဂျင်နီယာလား။ ဆရာဝန်လား။ မြန်မာပြည်မှာ ပညာရေးနဲ့ပတ်သက်
ပြီးဘယ်အဆင့်ရောက်ခဲ့ပြီလဲ။ ဘာလဲ။ ညာလဲ။ မသိလို့မေးတာနော်။ စိတ်မရှိပါနဲ့။ ကျွန်တော်
လည်း ခင်ဗျားတို့စဉ်းစားဆင်ခြင်တတ်အောင် comment ၀င်ရေးတာပါ။ ကိုယ့်ဆိုက်မှာတော့
သတင်းမှန်တင်နိုင်ရင်အကောင်းဆုံးပဲဗျို့။ ဒါမှ
media သမားအစစ်။ ကြားဖူးနားဝတို့၊ ဟိုကဒီက
တို့နဲ့ ပတ်ဝန်းကျင်ကိုမထိခိုက်စေချင်တာ ကျွန်တော့်
စေတနာပါ။

Dr Phyo Wai Kyaw said...

ဒီသတင်းကတော့ အမှန်တ၀က် အမှားတစ်ဝက်ဖြစ်မယ်ထင်တယ်ဗျို့
ဘာပဲဖြစ်ဖြစ် တင်ပြတဲ့အတွက် ဗဟုသုတ ရတာပေါ့ဗျာ
ကျေးဇူးတင်ပါတယ်

Unknown said...

ကျွန်တော်ကတစ်ခုလောက်မေးမယ်နော်အခု ဘလော.ပိုင်ရှင်က ဘယ်သူလဲ..ဘယ်နှခုနှစ်က ၁၀တန်းအောင်တာလဲ..
ရေးထားတဲ DSTA အပတ်စဉ်ကရော ဘယ်အပတ်စဉ်ကလဲ (စာမေးပွဲ အားလုံးကျတယ်ဆိုတော.)
ကျွန်တော် ၁၉၉၈က ၁၀ တန်းအောင်တယ်
ကျွန်တော်တက်ခဲ.တဲ. အပတ်စဉ်မှာ တစ်နိုင်ငံလုံးအဆင်.၁၀ တောင်ပါပါတယ်
ကျွန်တော်တို.က တစ်နိုင်ငံလုံးကို မေးခွန်းတစ်စုံထဲဖြေတဲ.နှစ်က အောင်တာပါ
ဝိုင်အိုင်တီ မဖွင်. ကျောင်းတွေပိတ်ထားလို.သာ စစ်တပ်ထဲရောက်လာတာပါ...
ခင်ဗျားပြောတဲ. နှစ်က ဘယ်နှစ်ကလဲ အဲတာလေးတစ်ချက်လောက်ဖြေပေးပါခင်ဗျာ..

Anonymous said...

နေရာတိုင်းမှာ တော်တာ၊ ညံ့တာကတော့ ရှိပါတယ် ။
အဲဒီဖြစ်နေတဲ့ သူ မရှိဘူးလို့ မပြောပါဘူး။အားလုံးကို ခြုံပြောတာ မလုပ်သင့် ဘူး။လူဆိုတာ ကိုယ်ရေးတဲ့ စာက ကိုယ့် အဆင့် အတန်း ကိုပြနေတာဘဲ။စာရေးဆရာ ခင်ဗျား ဒီလောက်ဆို ဘာလုပ်သင့် နားလည်လောက်ပြီလို့ ထင်ပါတယ်။ခင်ဗျားဟာ ပညာတတ် တစ်ယောက်ဆိုရင်ပေါ့ ..........................

Gloden Myanmar Team Group said...
This comment has been removed by the author.
Unknown said...

စာရေးသူခင်ဗျာ DSTA မှာစာမေးပွဲမကျဘူးလို့ မပြောလိုပါဘူး ကျတဲ့သူတွေ ကျတယ် အပတ်စဉ်တိုင်းမှာ ကျကျန်ရစ်တဲ့သူတွေအများကြီးပါ ဒါပေမယ့် စာရေးသူ ၁၀တန်း မတက်ခဲ့ဘူးလား ဒါမှမဟုတ်စာရေးသူ ပတ်ဝန်းကျင်က ဘယ်လိုကျောင်းသားအများစုတွေ DSTA ရောက်ကြ ပါသလဲ..၁၀ တန်းတက်ခဲ့ဖူးရင်လည်း ဘယ်လိုသူငယ်ချင်းတွေရောက်ကုန်လဲ ..ဒါကအခြေခံလေးစဉ်းစားတတ်ဖို့ပါ အရင် YIT ရှိတုန်းကလည်း အဲဒီကျောင်းသားတွေအောက်အမှတ်နဲ့ ခေါ်ခဲတဲ့ အပတ်စဉ်မရှိဘူးဗျ DSTA ၀င်ခွင့်အမှတ်က YIT တက်ခွင့်အမှတ်နဲ့ တူတူပဲဗျ ပြီးတော့ အပြင် Enginner တွေမေးကြည့်ပါဦး... DSTA ကဆင်းတဲ့သူတွေ ညံ့လားလို့ ခင်ဗျားရေးတဲ့ စာက ခင်ဗျားအဆင့်အတန်းကိုပြနေတာပဲ

Anonymous said...

သူများတွေကို ညံ့ပါတယ်လို့ခင်ဗျားကပြောနေပေမယ့်
selection ကိုတောင်ခင်ဗျားကမှန်အောင်မပေါင်း တတ်ဘဲနဲ့ slection ဆိုပြီးရေးထားသေးတာပဲ။ သူများတွေကို ပြောနေရအောင် ခင်ဗျားကရော ပညာရေးမှာ ဘယ်အဆင့်အတန်းရောက်နေလို့လဲ။ တပ်မတော်ဆိုတဲ့စကားလုံးပါရင်ပြီးရောဆိုပြီး မကောင်းရေးရရင်ကျေနပ်နေတာလား.....ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်ပါအုံးဗျာ ကျွန်တော်ကခင်ဗျားကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး။
နောက်ပြီးလေဖမ်းဒန်းစီးလျှောက်ရေးနေမဲ့အစား ဆရာကြီးရဲ့ နာမည်နဲ့ စာမေးပွဲကျတယ်ဆိုတဲ့ အပါတ်စဉ်ရဲ့နာမည်ကို ခင်ဗျားသေချာအောင် ပြန်စုံစမ်းအုံးပေါ့ဗျာ...နောက်ပြီး ခင်ဗျားပြောတဲ့ DSTAကပါမောက္ခချုပ်လုပ်တဲ့သူကဘယ်လိုလူမျိုးလဲဆိုတာစုံစမ်းကြည့်လိုက်ပါအုံး
နောက်ပြီးခင်ဗျားကိုတစ်ခုပြောရအုံးမယ် အပြင်မှာ ဘာမှလုပ်မရတဲ့အမှတ်ကြောင့်ဝင်လာတာမဟုတ်ဘူးဆိုတာခင်ဗျားသေချာသိစေချင်ပါတယ်
ဒါနဲ့ခင်ဗျားရောဆယ်တန်းကိုဘယ်အဆင့်နဲ့အောင်တာလဲ THE WHOLE BURMA 10 ထဲမှာပါတယ်ထင်တယ်....ဒါပေမယ့်ဗျာ selection ကိုတော့မှန်အောင်ပေါင်းသင့်ပါတယ်လို့အကြံပေးချင်ပါတယ်
နောက်ပြီးခင်ဗျားကအခု အင်္ဂလိပ်စကားကို ပြောနေတဲ့ နိုင်ငံတစ်ခုမှုာလို့ထင်ပါတယ်

Anonymous said...

နွေဆူးလင်္ကာခင်ဗျာ အခုအသက် ၃၄ လောက်ကနေ ၂၄ လောက်အထိ နိုင်ငံရေးလုပ်နေသူရှိမယ် အစိုးရကိုမကြိုက်တဲ့သူ စစ်တပ်ကိုမကြိုက်တဲ့သူရှိမယ် ဒါပေမယ့် ပညာသင်ကြားခဲ့မယ် ပညာတတ် တစ်ယောက် ဖြစ်မယ်ဆိုရင်ဒီလိုပိုစ်မျိုးမရေးပါဘူးခင်ဗျာ ဘာလို့လဲဆိုတောက သူတို့သူငယ်ချင်းတွေ အသိတွေ အဲဒီတက္ကသိုလ်မှာ ရှိနေကြလို့ ဖြစ်နိုင်ချေရှိလားမရှိလား သူတို့သိတယ် ခင်ဗျားပို့စ်ကို ထောက်ခံတဲ့သူကတော့ စာမတတ်ခဲ့ဘူးဗျ ဘာအသိမှမရှိတဲ့ကောင် နိုင်ငံရပ်ခြားမှာဆိုရင်တော့ ပညာတတ်စရာမလိုပဲ လက်လုပ်လက်စားနဲ့ ရောက်လာတဲ့သူဖြစ်မယ် ခင်ဗျား အခုလိုရေးလိုက်ရုံနဲ့ နိုင်ငံရေးသမားကြီး ဖြစ်ရော့လား ရီစရာကြီးဗျာ တကယ့် အတိုက်အခံ blogger တွေတောင် သူတို့မရေးဘူးခင်ဗျားလို နိုင်ငံရေးမှာလည်း ခင်ဗျားလို ကောင်တွေရှိနေလို့ တကယ်လူတွေနာမည်ပျက်နေတာ ဘာလုပ်လုပ် ခေါင်းလေးသုံးဗျ အပေါ်မှာပြောထားတဲ့ အရည်အချင်းနဲ့လူတွေ ခင်ဗျားပြောသလိုဖြစ်နိုင်ပါ့မလား

ဖြေရှင်းရန် said...

ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။
အဟုတ်ပါလားလို့ ထင်ထားသမျှတွေဟာ လွဲနေတတ်သလို မဟုတ်ဘူးလို့ မြင်နေသမျှတွေလည်း မှန်နေတတ်ပြန်တယ်။
( ခင်ဗျားရဲ့ ဦးနှောက်ထဲကို ၀င်စရာအပေါက်တွေ အများကြီးပဲဗျ သတိထားပေါ့ဗျာ )

htet lin said...

ခင်ဗျားက တော်တယ်တက်တယ်ကို ဘယ်ပေတံ ဘယ်စံ
နဲ့ တိုင်းတာ သတ်မှတ်လဲ ကျွန်တော် မသိဘူးဗျ။
အခု ခင်ဗျားရေးထားတာကတော့  ခင်ဗျားမှာ
အကြောင်းအကျိုး အမှားအမှန်တောင် ဝေဖန်ပိုင်းခြား
နိုင်တဲ့ အသိပညာ မရှိတာ သေချာတယ်။လောကမှာ
ကိုယ်ပြောတာ ကိုယ်တန်ဖိုးထား တာဝန်ယူနိုင်မှ
ခင်ဗျားပြောတဲ့ လူတော်ဖြစ်နိုင်မယ် ထင်တယ်ဗျ။ စဉ်းစာပါ ပြီးမြောက်အောင်မြင်အောင်လုပ်ပါ ပြီးမှ
အမှန်တရားကို ရဲရဲဝံ့ဝံ့ပြောပါ အောင်မြင်ပါစေ။

Unknown said...

လူဆိုတာကတော့ တော်တဲ့သူလဲ ရှိသလို ညံ့တဲ့သူလဲ ရှိမှာပဲ

Unknown said...

ကိုနွေဆူး တစ်ခုခုရေးတော့မယ်ပြောတော့မယ်ဆို ရင်ခေါင်းလေးတော့နည်းနည်းလေး သုံးပါဗျာသူတစ်ဘက်သားကိုသိက္ခာ
ချချင်ရင်လဲရုတ်တိရှိတာလေးပြောပါ။ပညာတတ်
ဆိုတာဘယ်တော့မှသေချာမသိဘဲမပြောဘူး။
ခင်ဗျားပညာမတတ်တာလူသိတယ်။

Unknown said...

လူကြီးတွေကတော့ပြောကြတယ် ဗျ ..ခွေးဟောင်တိုင်းထမကြည့်နဲ့တဲ့
အစကတော့ထမကြည့်ပါဘူး ။။ ဒါပေမယ့်ခွေးကအမဖြစ်နေပြီးမိန်းမလိုမိန်းမရ
အခြေအမြစ်မရှိ ... သက်သေမရှိ .. ထမိန်ကြားကလက်သီးပုန်းပြနေသလိုဖြစ်လို့
အိပ်ရေးပျက်ခံပြီးရေးပေးလိုက်တာ ..
အတွေးအခေါ်က ကလေးသာသာ နဲ့ လျှောက်မလုပ်ချင်စမ်းပါနဲ့ ဗျာ
နာမည်ကြီးချင်ရင်လဲ ကိုယ်တုံးလုံးသာလမ်းလျှောက်လိုက်ဗျာ
လျှောက်ပြီးပုတ်ခတ်နေတော့ ခင်ဗျားပါးစပ်က အိမ်သာစော်နံလာလိမ့်မယ် ..
ကိုယ်လုပ်စရာရှိတာကိုယ်လုပ် .... ပါ ဗျာ ..
နောက်တစ်ခါဆိုရင်တော့ ဂဲပဲလာမယ်ဗျာ
ထမကြည့်တော့ဘူး ..အိပ်ရေးပျက်အောင် မဟောင်နဲ့ ဗျာ

အင်ဂျင်နီယာ တစ်ဦး said...

အေးဗျာ...ခပ်ရိုင်းရိုင်းနှိုင်းရရင် ကြောက်တတ်တဲ့ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်သေးတာပဲလေ။ လူတွေဆိုတာကတော့ ပြောမနေနဲ့လေ။ မြန်မာတွေဆို ပိုတောင်ဆိုးသေး။ ဟဲဟဲ။ ခင်ဗျားက လူတွေရဲ့ အတ္တနဲ့ မာနကို သွားထိခိုက်တာကိုးဗျ။ သတိထားပေါ့ဗျာ နော။ နောင်ဆိုရင် သင်ခန်းစာရတာပေါ့။ တစ်ခုတော့ရှိတယ်ဗျာ။ ကျုပ်တို့တွေဟာ အပြန်အလှန်ပြစ်တင်ပြောဆိုနေကြတာနဲ့ပဲ အချိန်တွေကုန်ခဲ့ပေါင်း များခဲ့ပြီနော်။

သက်ခိုင် said...

online ပေါ်မှာ ပညာရှိ blogger တွေဟာ သူတို့ သိထားတဲ့  knowledge တွေကို share လုပ်ပြီး ပညာသင်နေကြတာပါ..။တချို့ ကလည်း သူတို့ ရဲ့ ခံစားချက်ကို ရသတခုအနေနဲ့ ဖော်ပြတဲ့ နေရာမှာ ဘာမှ မတတ်ရင်တောင် သူများတွေကို မထိခိုင်အောင်ရေးတတ်ပါတယ်။
သူတို့ ရေးတဲ့ စကားလုံးတိုင်းကိုလည်း တာဝန်ယူရဲသူတွေပါ..။ ခင်ဗျားရော ခင်ဗျားရေးထားတာနဲ့ ပတ်သက်ပြီး တာဝန်ယူရဲလား..။ကိုယ့် post ကို ကိုယ်တာဝန်ယူရဲ မှ ယောက်ျားနော်....။

သက်ခိုင် said...

online ပေါ်မှာ ပညာရှိ blogger တွေဟာ သူတို့  သိထားတဲ့  knowledge တွေကို share လုပ်ပြီး ပညာသင်နေကြတာပါ..။တချို့ ကလည်း သူတို့ ရဲ့  ခံစားချက်ကို ရသ တခုအနေနဲ့ဖော်ပြတဲ့ နေရာမှာ ဘာမှ မတတ်ရင်တောင် သူများတွေကို မထိခိုက်အောင်ရေးတတ်ပါတယ်။
သူတို့ ရေးတဲ့ စကားလုံးတိုင်းကိုလည်း တာဝန်ယူရဲသူတွေပါ..။ ခင်ဗျားရော ခင်ဗျားရေးထားတာနဲ့ ပတ်သက်ပြီး တာဝန်ယူရဲလား..။ကိုယ့် post ကို ကိုယ်တာဝန်ယူရဲ မှ ယောက်ျားနော်....။

ayeyarwaddy said...

ကိုနွေဆူးလင်္ကာရေ
လူတွေကကို့ ထက်သာရင် မနာလိုဖြစ်ကြတယ်တဲ့။ခင်ဗျားလဲအဲဒီလိုများဖြစ်နေ
လို့ လား ?ခင်ဗျားသာ ပညာရှင်တစ်ယောက်ဆိုရင် မနာလိုစိတ်ထားမျိုး မထားပဲ ဒီလို post မျိုး မရေးပဲ
ပေါ့ဗျာ ကောင်းရာကောင်းကြောင်း ပညာရနိုင်မဲ့ post
မျိုးရေး ဖို့ ပဲ အကြံပေးချင်တယ်ဗျာ ။ခင်ဗျားသာ ပညာရှင်
တစ်ယောက်ဆိုရင်ပေါ့ ....

Unknown said...

အစကလက်ပိုက်ပြီးကြည့်နေပါရဲ့။
ရာသီဥတုငြိမ်မှတိုးတိုးလေးပြောသွားတယ်ဗျာလူတိုင်းဟာ အနိမ့်အမြင့်တွေနဲ့ ဘ၀ကိုဖြတ်သန်းနေကြတယ်။ ကြိုးစားတဲ့လူတွေဟာထိုက်တန်မှုတွေရနေကြပါပြီ တချို့ D S T Aဆင်းတွေမှာ
နိုင်ငံတကာအသိအမှတ်ပြု Ph.D ထက်မြင့်တဲ့ Doctor of scientist ဆိုတဲ့အတန်းကို တတ်တဲ့သူ၊ ကြိုးစားနေတဲ့သူတွေရှိနေကြပါပြီ။မြန်မာအချင်းချင်းသွေးမကွဲချင်ဘူးဗျာ။သမိုင်းကိုပြန်ကြည့်ကြဖို့အကြံပေးလိုပါတယ်။ကျွန်တော်ကတော့ကြိုးစားနေတဲ့မြန်မာလူငယ်တွေကိုအမြဲလေးစားလျက်ပါ။ နယူတန်ရဲ့ ဒုတိယမြောက် နိယာမအရဒီ comment ကိုရေးဖြစ်တာပါ။ အချိန်တွေ နှမြောဖို့ကောင်းတယ်ဗျာ အကြိုးရှိတာလုပ်ကြပေါ့။

Unknown said...

ခက်တယ်ဗျာ..blog မှာရသ.သုတတခုခုရအောင်တော့.လုပ်သင့်တာပေါ့..ခုတော့ဒေါသဖြစ်တဲ့သူကဖြစ်
ရှင်းတဲ့သူကရှင်းနဲ့..အဆင်မပြေပါဘူး.တခုတော့ဝင်ပြောလိုက်ချင်ပါတယ်
နေရာတိုင်းမှာလူသာအဓိကပါ.ဘယ်ကျောင်းဆင်းရယ်..ဘယ်အဖွဲ့အစည်းထဲက
ရယ် မရှိပါဘူး..သတင်းတခုအတွက်အခြေအမြစ်ရှိအောင်တင်ပြသင့်တယ်လို့
ထင်ပါတယ်..ခုတော့..

Unknown said...

ကိုယ်တို့ကတော့ဘာမှမသိဘူးကွာ ဒါပေမယ့် အခုတော့ ၁၀တန်းကို အမှတ်ဘယ်လောက်နဲ့အောင်အောင် DSTA လျောက်လို့ရတာတော့ သိတယ်။ အရင်ကတော့ ဟုတ်ချင်ဟုတ်မှာပေါ့ အခုတော့ မရတော့ဘူး လူတော်လူကောင်း တွေမရှိတော့ဘူး။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျဦးမယ်။ မှတ်မိ မှာပါ တချိန်က တပ်မတော်နည်းပညာကောလိပ်ရဲ့ ဇာတ်သိမ်းခန်းလေးကိုပေါ့။