Monday, October 27, 2008

မျက်လှည့်ဆရာ


ခပ်ညံ့ညံ့မြေခွေးတစ်ကောင်ဟာ စင်ပေါ်မှာ မျက်လှည့်ပြဖို့ ကြိုးစားနေတယ်။ သူ့ရဲ့ အဓိကလှုပ်ရှားမယ့်လက်ကို မသိမသာ ငြိမ်ထားပြီး ကျန်တဲ့လက်တစ်ဖက်ဆီ ပရိတ်သတ်တွေ အာရုံပြောင်းအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတယ်။
ဒါပေမယ့် ပရိတ်သတ်ကတော့ အစကတည်းက မြေခွေးအကြောင်း သိပြီးသားပဲလေ။ ဘယ်သူကမှ သူ့ကို အယုံအကြည် မရှိဘူး။
မျက်လှည့်ဆရာ မြေခွေးကတော့ ပရိတ်သတ်ကို လှည့်စားပြီး ဒီဘက်အိတ်ကပ်ထဲကနေ ဟိုဘက်အိတ်ကပ်ထဲကို ပြောင်းဖို့ အတင်းကြိုးစားနေလေရဲ့။ ။

10 comments:

Dream said...

မျက်လှည့်ဆိုလို့လာကြည့်တာ... ဘာမှလဲ
မပြဘူး..ဟွန်း.. :P :P

Han Thit Nyeim said...

အင်း... တစ်ခုခု တွေးရတယ်ဗျာ။

ဗီလိန် said...
This comment has been removed by the author.
Apprenticeship said...

တစ်ကယ်တော့ မျက်လှည့်ဆိုတာ မျက်လှည့်ပဲပေါ့... အစစ်အမှန်မှ မဟုတ်တာ...။

ကိုအောင် said...

မျက်လှည့်ဆရာ ပို့စ်ကို သဘောကျတယ်ဗျာ
အားပေးလျက်ပါ။

အိပ်မက်နိဒါန်း said...

စာလေးကတိုပေမယ့် တွေးလို့ရတယ်။

pandora said...

အဲဒီမျက်လှည့်ဆရာမြေခွေးလား စင်ပေါ်ရောက်တုန်းရောက်ခိုက်ဆိုတော့ လုပ်ထားဦးမှာပေါ့လေ

Chaos said...

မျက်လှည့်ဆရာ ကဗျာလေး မိုက်တယ်
ကောက်ကျစ်မယ်မှန်းသိနေတဲ့ မြေခွေးတစ်ကောင်ရဲ့မျက်လှည့်ကို မယုံကြည်ပါပဲနဲ့
ဇွတ်မှိတ်နေရတဲ့ မျက်လှည့်ပြကွက်လေး ထင်တယ်။
ရေးထားတာ တိုတိုလေးနဲ့ အတွေးတွေ အများကြီးပေးတယ်။

WWKM said...

ရောက်လာပါတယ်နော်.. မြေခွေးရဲ့ မျက်လှည့်လေးကိုဖတ်ပြီး အတွေးတစ်ခုခု ရသွားပါတယ်။
အဆင်ပြေပါစေ။

kyawkyaw said...

လာလည်သွားတယ်ညီရေ..... အဆင်ပြေတယ်ဟုတ်.....ပြန်လည်ဖွဲ့စည်းခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များဖေါ်ဆောင်ခြင်း တင်ထားတယ် ..... လာအားပေးပါအုန်းနော်.....