Wednesday, October 22, 2008

မာရ်နတ်ရဲ့နွား



မာရ်နတ်ဟာ ကမ္ဘာကိုဖျက်တဲ့နေရာမှာ အသုံးပြုခိုင်းစေရအောင် နွားတချို့မွေးပြီး နဖားကြိုးထိုးတယ်။ တချို့နွားတွေက သူတို့ရဲ့သခင်ဟာ ကမ္ဘာဖျက်မယ့်မာရ်နတ်ဆိုတာ မသိရှာပဲ ဘုမသိဘမသိနဲ့ ကြိုးဆွဲရာ ကကြရှာတယ်။ တချို့နွားတွေကတော့ သိရက်နဲ့အလိုတူအလိုပါ။
မာရ်နတ်က ဒါနဲ့အားမရသေးတော့ တချို့နွားတွေကို သူ့ရဲ့မိတ်ဆွေတွေဆီပို့ပြီး ကမ္ဘာဖျက်နည်းတွေသင်ခိုင်းတယ်။ မာရ်နတ်ရဲ့မိတ်ဆွေတွေက အဲဒီနွားတွေကို လည်ပတ်ပါ ပတ်ပေးလိုက်တယ်။ အဲဒီနွားတွေက ပိုပြီးသနားစရာကောင်းတယ်၊ နဖားကြိုးအပြင် လည်ပတ်ပါ ပါတော့ မာရ်နတ်က ပိုခိုင်းလို့ကောင်းတာပေါ့။ ဒီလိုနဲ့ပဲ ကမ္ဘာဖျက်မာရ်နတ်ရဲ့ နွားတွေ... နွားတွေ... များလာ။ ကမ္ဘာကြီးလည်း ပျက်သထက် ပိုပိုပျက်လာတော့တာပဲ။ သြော် ... အနိစ္စ .. ဒုက္ခ .. အနတ္တ ...။ ။

5 comments:

puluque said...

ဘာတွေများပြောချင်နေပါလိမ့်။ သိသလိုလိုပါပဲ။ ဟီးဟီး

Anonymous said...

ဟား......လန်းပါပေ့ဗျား။
ဆရာသမားတော့ ဘာကိုဆိုလိုသလဲမသိဘူး
အိမ်ကတော့ အမြင်တမျိုးဗျို့

မသက်ဇင် said...

နွေဆူးရေ----
အလွန်ကောင်းသော--ဒဿန--ပါပဲ--
အတွေးတွေ--ပေးခဲ့တယ်--
ကိုယ်ဖြစ်ချင်တာကို--တွေးခွင့်ပေး
ထားတယ်လို့ ယူဆတယ်---
လူ ၁၀ ယောက်မှာ အတွေး၁၀ မျိုးဖြစ်နိုင် တယ်လေ-----
အကျိုးပြုပါတယ်---
ခင်မင်လျက်

ဖိုးဂျယ် said...

ကောင်းလိုက်တဲ့ ပိုစ့်လေးဗျာ။ ကျတော်ထင်တာမမှားပါဘူးနော်။ တချို့နွားတွေက အဲ့တာကို ပျော်နေကျတာဗျ။

Nge Naing said...

လေးစားပါတယ်။ နွေဆူးလင်္ကာ။ အဲဒီလို လိုရင်းတိုရှင်း ထိထိမိမိ ရေးတတ်ချင်လိုက်တာ။ ကျွန်မပို့စ်တွေက လျှာရှည်တာနဲ့ပဲ သူများ စိတ်မရှည်ကြဘူး။