Friday, October 17, 2008

“တပည့်မကောင်းဆရာ့ခေါင်း”နှင့် ပတ်သက်၍

အမှားကို ထောက်ပြပေးသူတွေကိုရော၊ ဝေဖန်အကြံပြုပေးသူတွေရော၊ မေတ္တာပို့ကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဟုတ်ကဲ့ ... ကျွန်တော်ကတော့ဘာမှပြန်ပြောမှာမဟုတ်ပါဘူး။ ပြောကြသလို နာမည်ကြီးချင်လို့လည်းမဟုတ်ဘူး။ ဘယ်သူ့ကိုမှမထိခိုက်စေချင်ပါဘူး။ ကံချွန်လို ကြားဖူးနားဝ ဟာသပုံပြင်လေးပြောကြည့်တာပါ။ သိကြသူတွေ သိသလိုတွေးပြီး သိကြပါစေ။ မသိသူတွေ မသိသလိုနေကြမှာပါ။ သိရက်နဲ့မသိချင်ယောင်ဆောင်နေသူတွေကိုတော့ ဘာမှမပြောချင်ပါဘူး။ ကျေးဇူးတင်ပါတယ်။

8 comments:

Unknown said...

မသိချင်ယောက်ဆောင်တဲ.သူတွေဆိုတော. ကိုနွေဆူးပြောတာ ဟုတ်တယ်ပေါ့..
အဲတာဆိုလဲ ဘယ်အပတ်စဉ်က လို.ရေးလေဗျာ.. ဟုတ်တယ် မဟုတ်ဘူး ကျွန်တော်တို.က သက်သေနဲ.ပြန်ပြောမယ်လေ..
ယောက်ျားပဲ ကိုယ်က ဟုတ်နေရင် ဘာတွေဝေ.လည်ကြောင်ပတ် လုပ်နေစရာမှ မလိုတာ.
”တဆင့်စကားတဆင့်နားနဲ့ ကြားသိရတဲ့ဖြစ်ရပ်မှန်လေးပါ။” လဲဆိုသေးတယ် ဘာမှလဲ ပြန်မဖြေဘူး ကျွန်တော်တို.က ဘယ်လိုနားလည်ရမလဲ..
ယောက်ျားတွေပဲဗျာ ပွင်.ပွင်.လင်းလင်းပေါ့ ဟုတ်ဘူးလား....

kopawlay said...

လူ..ဆိုတာကိုယ်လုပ်တာနဲ့ပတ်သက်ပြီးအမှား၊အမှန်ကို
ဆင်ခြင်တတ်တယ် ၊ အမှားအမှန်ကို ခွဲခြားတတ်တယ် ၊ အမှားအမှန်ကို တာဝန်ယူရဲတယ်။ခင်ဗျားက လူ ဆိုရင်
ဒါတွေဘာလို့မလုပ်နိုင်ရတာလဲ?

Anonymous said...

မဟုတ်သေးပါဘူး။ ခင်ဗျားကလည်း ဒီလောက်အပြော
ခံနေရတာကိုဝေ့လည်ကြောင်ပတ်လုပ်ချင်နေသေးတယ်။
မှားရင်လည်း မှားတယ်လို့ဝန်ခံလိုက်ပေါ့။ မှန်တယ်ဆို
လည်း ဘယ်အပတ်စဉ်၊ ဘယ်ဆရာကြီး တိတိကျကျ စုံစမ်းပြီးရေးလိုက်ပေါ့။ ခင်ဗျားလည်း ယောင်္ကျားတစ်ယောက်ပဲဗျာ။ ကလောင်တစ်ချက် တို့ပြီးသရော်နိုင်ဖို့ ခင်ဗျားမှာ အရည်အချင်း တစ်ခုတော့ ရှိရလိမ့်မယ်။ကိုယ်ကဘာမှလည်းမဟုတ်၊ အများအကျိုးအတွက်ဘာမှလည်းလုပ်မပေးဘဲနဲ့တော့ ခင်ဗျားပြောချင်ရာပြောလို့မရဘူးဗျ။ ပတ်ဝန်းကျင်ကို ဒီနည်းနဲ့အကျိုးပြုနေလို့ကတော့ ခင်ဗျားရေးတဲ့ သမိုင်းမှာ လူတကာရဲ့တံတွေးတွေပဲရှိတော့မပေါ့။ မှားရင်လည်းမှာတယ်လို့ဝန်ခံလိုက်ပါ။ ပတ်ဝန်းကျင်ကိုဒီထက်ကောင်းတဲ့
အကျိုးပြုနည်းနဲ့ကြိုးစားပါ။ အားလုံးကခင်ဗျားရဲ့
တိုးတက်မှုကိုပြုံးပြုံးကြီးကြိုနေကြမှာပါ။ မယုံရင်စမ်း
ကြည့်လိုက်ပေါ့။

Unknown said...

ကိုနွေဆူးလင်္ကာခင်ဗျား.... "တပည့်မကောင်း ဆရာ့ခေါင်း" ဆိုတဲ့ post ကို ဖျက်လိုက်ပါဗျာ။ ခင်ဗျားလဲ အကျိုးမရှိ၊ ဖတ်ရတဲ့သူတွေလဲ အကျိုးမရှိဘူးဗျာ။ ခင်ဗျား ဘလော့ဂ်ကို ဖတ်သွားတဲ့သူတိုင်း စိတ်ချမ်းသာသွားတာ၊ မျှဝေခံစားမှုတခုခု ရသွားတာကို မလိုချင်ဘူးလား။ ဖျက်လိုက်ပါ။ ကျွန်တော်က ပြောပြတာပါ။ မှန်တာတွေ၊ မှားတာတွေ ခဏထားလိုက်ဦး။ ဒီ post ရှိနေသရွေ့ စိတ်ဝမ်းကွဲနေကြဦးမှာပဲ။ ကျွန်တော်တို့က Engineers တွေလို့ ခံယူထားတဲ့ DSTA ကျောင်းဆင်းတွေပါ။ ကိုယ်တိုင်လုပ်ဖူး၊ ကြုံတွေ့ဖူးမှ ကိုယ်တွေ့သိကြတာဗျ။ ဝါးလုံးရှည်နဲ့တော့ မရမ်းကြပါနဲ့။ အင်တာနက်သုံးတဲ့သူတိုင်း ပျော်ရွှင်နိုင်ပါစေ။

Unknown said...

အစကတော့ကိုယ့်လူကိုလက်ပိုက်ပြီးကြည့်နေပါရဲ့။
ရာသီဥတုငြိမ်မှတိုးတိုးလေးပြောသွားတယ်ဗျာလူတိုင်းဟာ အနိမ့်အမြင့်တွေနဲ့ ဘ၀ ကိုဖြတ်သန်းနေကြတယ်။ ကြိုးစားတဲ့လူတွေဟာထိုက်တန်မှုတွေရနေကြပါပြီ တချို့ D S T Aဆင်းတွေမှာ
နိုင်ငံတကာအသိအမှတ်ပြု Ph.D ထက်မြင့်တဲ့ Doctor of scientist ဆိုတဲ့အတန်းကို တတ်တဲ့သူ၊ ကြိုးစားနေတဲ့သူတွေရှိနေကြပါပြီ။မြန်မာအချင်းချင်းသွေးမကွဲချင်ဘူးဗျာ။သမိုင်းကိုပြန်ကြည့်ကြဖို့အကြံပေးလိုပါတယ်။ကျွန်တော်ကတော့ကြိုးစားနေတဲ့မြန်မာလူငယ်တွေကိုအမြဲလေးစားလျက်ပါ။ နယူတန်ရဲ့ ဒုတိယမြောက် နိယာမအရဒီ comment ကိုရေးဖြစ်တာပါ။ အချိန်တွေ နှမြောဖို့ကောင်းတယ်ဗျာ အကြိုးရှိတာလုပ်ကြပေါ့။

Anonymous said...

ko nway su
you are very foolish

Anonymous said...

ရှင်းလိုက်မှပိုရှုပ်သွားသလိုပဲ...ကျွန်တော်အမြင်တော့..
ခင်ဗျားက.ရှင်းလိုက်တာမဟုတ်ဘူးဗျ..ငြင်းလိုက်တာ။

Unknown said...

သြော်..ဘာလိုလိုနဲ့ကျွန်တော်လည်း ဒီဆိုက်ကိုတစ်ခေါက်ရောက် ခဲ့ပြန်ပါပြီ..မကြိုက်လည်းမလာနဲ့လို့ ပြောလည်းခံရမှာပါပဲ..ဒါပေမယ့်..ဗဟုသုတ ဆိုတဲ့ Tab အောက် မှာ ဒီ ပိုစ့်လေးကိုမြင်တိုင်း..ရင်ထဲ တစ်မျိုးပဲဗျာ..ဖျက်ပါ လို့ပြောတဲ့သူတွေရဲ့ စကားကိုလည်းစာရေးသူက နားမထောင်သလို.တိတိကျကျဖြေရှင်းပါဆိုတဲ့ အပြောတွေကိုလည်း ဖြေရှင်းထားတာမတွေ့ရသေးဘူး.ကျွန်တော်အရင်တစ်ခေါက်ရောက်ခဲ့တုန်းက အရင်နှစ်ကပါ..တစ်နှစ်လောက်တောင်ကြာခဲ့ပါပြီ..ကိုနွေဆူးလင်္ကာ..ကျွန်တော်ကတော့ တခြားတစ်ဘက်ကလှည့်တွေးမိရင် ဒီဆိုက်လေးကို လာလည်တဲ့ Hit တက်အောင်လို့များ ဒီ ပိုစ့်ကိုတင်ထားလား လို့တောင်တွေးမိတယ်..ကျွန်တော်လည်း..အမှတ်မရှိ လာမိပြန်ပါပြီ..တနှစ်ကြာတဲ့အထိ အဖြစ်မှန်ကို သေချာ မရှင်းပဲထားတာတော့ မလုပ်သင့်ပါဘူးဗျာ..ကျွန်တော်လည်း ဘယ်အပတ်စဉ်..ဆရာကြီးဘယ်သူဆိုတာကို သိချင်နေမိပါတယ်..